သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-06
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးမှာ မတ်လ (၃) ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် စည်သူရှိန်(ခ) မြတ်သူရှိန်ဟာ ရင်ဘတ်နဲ့ နောက်ကျောမှာ ကျည်ထိမှန်ခဲ့ပါတယ်။
2021-03-05
မတ်လ ၃ ရက်နေ့က ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရင်း စစ်တပ်နဲ့ ရဲတို့ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားရတဲ့ ကိုဖိုးချစ် (၂၈ နှစ်)၊ ကိုအာကာမိုး (၂၅ နှစ်)၊ ကိုဇွဲထက်စိုး (၂၆ နှစ်) တို့ရဲ့ နာရေးအခမ်းအနားတွေကို ဒီကနေ့မှာ ရန်ကုန် ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
2021-03-05
အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေ အပါအဝင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်က မီးရထားဝန်ထမ်း ၁၂ ဦးကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် အွန်လိုင်း ဗွီဒီယိုစနစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2021-03-05
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပထမဆုံးမဲထည့်ခွင့်ရခဲ့တဲ့ မဲဆန္ဒရှင်တွေက သူတို့ရဲ့မဲရလဒ်တွေ အရာမထင်ခဲ့တာ၊ ဒီမိုကရေစီဖော်ဆောင်ရေးကို နောက်ပြန်ဆွဲပြီး အာဏာသိမ်းတာတွေကို လက်မခံလို့ စစ်ကောင်စီကို ဆက်လက်ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
2021-03-04
မတ်လ ၄ ရက် ဒီနေ့မနက် ၈ နာရီခွဲခန့်မှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ မန္တလေးမြို့တွင်း ကောင်းကင်မှာ တပ်မတော်က တိုက်လေယာဉ် ၅ စင်း ပျံသန်းစေခဲ့ပါတယ်။
2021-03-04
မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် ၂၀၂၁ မတ် ၃ ရက်နေ့က လမ်း ၈၄ လမ်း ၃၀ ဖြစ်စဉ်မှာ နေရာမှာတင် သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မကြယ်စင်ရဲ့ နာရေးအခမ်းအနားကို မန္တလေးမြို့ လမ်း ၈၀ ယူနန်ဗုဒ္ဓဘာသာကျောင်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2021-03-04
မတ်လ ၄ ရက်နေ့၊ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ ဗဟိုလမ်း ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲ ဖြိုခွင်းမှုမှတ်တမ်းဖြစ်ပါတယ်။
2021-03-04
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ မတ်လ ၃ ရက်နေ့ မနေ့က စစ်ကောင်စီရဲ့ ရဲနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရက်တွေကြောင့် သေဆုံးခဲ့ရသူတွေထဲက တချို့ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ မြောက်ဥက္ကလာပဆေးရုံကြီးမှာ မိသားစုဝင်တွေက လာရောက်ထုတ်ယူခဲ့ကြပါတယ်။
2021-03-03
Covid-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်လို့ စစ်ဆေးတွေ့ရှိချက်တွေကို စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း သက်ဆိုင်ရာက ပုံမှန်ထုတ်ပြန်ပေးနေတယ်ဆိုပေမယ့် ဒီအချက်အလက်တွေကို ပြည်သူအများက မယုံကြည်တော့ဘဲ ဖြစ်နေပါတယ်။
2021-03-03
ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆရာဝန်တွေ သူနာပြုတွေဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေပါတယ်။
2021-03-03
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ်လ ၃ ရက်နေ့ ဒီကနေ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေဖြစ်ပါတယ်။
2021-03-03
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ မတ်လ ၃ ရက်နေ့ ဒီနေ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက နေအိမ်တွေထဲအထိ ရာဘာကျည်တွေနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေထဲကသူတွေကို ဝင်ရောက်ဖမ်းဆီးတာ၊ ပရဟိတအဖွဲ့ဝင်တွေကို ရိုက်နှက်ဖမ်းဆီးပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
2021-03-03
မြောက်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြပြည်သူတွေကို မတ်လ ၃ ရက်နေ့ ဒီနေ့ အကြမ်းဖက်ဖြိုခွင်းတာကြောင့် (ဇ) ရပ်ကွက်အတွင်း အဆုတ်ကို ထိမှန်လို့ ဆေးရုံပို့ဆောင်ပြီး ခွဲစိတ်ကုသရသူတစ်ဦးနဲ့ ရာဘာကျည်ထိမှန်သူ၊ ဖူးယောင်ဒဏ်ရာရသူ ၅ ဦးရှိနေပါတယ်။
2021-03-02
ရန်ကုန်မြို့တွင်း ရပ်ကွက်တွေမှာ စစ်အာဏာဖီဆန်တဲ့ လှုပ်ရှားမှုအနေနဲ့ နေ့စဉ် ည ၈ နာရီမှာ သံပုံးတီးလှုပ်ရှားမှုတွေကို ဆက်လုပ်နေကြသလို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ကျဆုံးသွားသူတွေအတွက်လည်း ဖယောင်းတိုင်မီးတွေ ထွန်းညှိ၊ တေးသီချင်းတွေ သီဆိုပြီးညတိုင်းမှာ ဆုတောင်းနေကြပါတယ်။