သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-30
လူဦးရေ တစ်ထောင့်နှစ်ရာလောက် နေထိုင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စု ဇွပ်အောင် စစ်ဘေးဒုက္ခသည်စခန်းနဲ့ အနီးနားက ရွာတွေမှာ လွန်ခဲ့တဲ့ခြောက်လလောက်ကစပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တပ်တွေ စခန်းလာချထားတာကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2022-06-27
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်းက အစိုးရကျောင်းတွေကို ကာလကြာရှည် ပိတ်ထားရတာမို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြိုက အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ အခု ၂၀၂၂ - ၂၀၂၃ စာသင်နှစ်အတွက် ကျောင်းအပ်သူ သုံးဆကျော်လောက် တိုးလာတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
2022-06-24
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ ဂျပန်နိုင်ငံကနေ မြန်မာအလုပ်သမား ပြန်လည်ခေါ်ယူတဲ့ ၂၀၂၂ မတ်လကစပြီး မေလအထိ သုံးလအတွင်း ဂျပန်မှာအလုပ်လုပ်ဖို့ တိုင်းပြည်ကို စွန့်ခွာသွားတဲ့ မြန်မာလုပ်သား ငါးထောင်ကျော်ရှိနေပါပြီ။ ဒါဟာ အရင်နှစ်တွေကထက် နှစ်ဆပိုများတယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2022-06-23
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီနဲ့ မန်ဆာရွာမှာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း SSPP၊ TNLA ပူးပေါင်းတပ်တွေနဲ့ RCSS တို့အကြား တိုက်ပွဲတွေအတွင်း အဖမ်းခံထားရတဲ့ ဒေသခံအရပ်သားတချို့ အခုချိန်ထိ အိမ်ပြန်မလာနိုင်သေးဘဲ ပျောက်ဆုံးနေပါတယ်။
2022-06-21
၂၀၂၀ နှစ်ဆန်း COVID ကပ်ရောဂါ ကူးစက်မှုမြင့်တက်ချိန်ကစပြီး တရုတ်-မြန်မာနယ်စပ်က လူဝင်လူထွက်များတဲ့ ကချင်ဒေသက မိုင်ဂျာယန်မြို့နားက နယ်စပ်မျဉ်းကို တရုတ်အစိုးရက ခြံစည်ရိုးကာခဲ့ပါတယ်။
2022-06-18
"ရတဲ့ဟာလေး ဝါဆိုဝါခေါင်စားဖို့ စုဘူးလေးထဲ စုထားတာ။ စုဘူးကလဲ မခွဲလိုက်ရဘူး၊ သူတို့ထဲ ပါသွားတာ။ အခုလည်း အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီပေါ့။ ငိုလိုက်ရတာလဲ အတင်းဘဲ။ မျက်စိတွေလဲ ကိုက်လို့။ ဖြစ်တဲ့နေ့ကတည်းက ထမင်းလည်းတစေ့မှ မစားရသေးဘူး၊ ကျန်တာလဲ ဘာမှမသိတော့ဘူး။ ဒေါ်ကြီးကိုယ်ဒေါ်ကြီး ဆေးပဲ သောက်သေချင်တာဘဲ"
2022-06-17
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခကြောင့် မွတ်စလင် တစ်သိန်း သုံးသောင်းကျော် ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာ အခုဆိုရင် ၁၀ နှစ်ပြည့်ပါပြီ။
2022-06-16
မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယအသင်းက တည်ထောင်ထားတဲ့ ဒီခဝဲခြံ မျက်မမြင်ကျောင်းဟာ မျက်စိအလင်းမရသူတွေအတွက် ဘဝခရီးကြမ်းကို ရဲရဲဝံ့ဝံ့ဖြတ်သန်းနိုင်မယ့် ပညာခွန်အားတွေ ပေးနေပါတယ်။
2022-06-15
သစ်သားနဲ့ ထုလုပ်ရတဲ့ ပန်းပုလုပ်ငန်းမှာ ကုန်ကြမ်းဖြစ်တဲ့ သစ်တွေ ရှားပါးလာတာကြောင့် ရန်ကုန်တိုင်း ဒါးပိန်တိုက်နယ်က ပန်းပုလုပ်ငန်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာနေကြရတယ်လို့ ပန်းပုပညာရှင်တွေက ပြောကြပါတယ်။
2022-06-13
ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ နယုန်လပြည်နေ့ ဒီနေ့မှာ ရန်ကုန်မြို့က ဘုရားတွေကို မသွားလာဘဲ စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားတာကြောင့် အခါကြီး ရက်ကြီးတိုင်း လူစည်ကားတဲ့ ရွှေတိဂုံစေတီတော်မှာ လူအသွားအလာနည်းပါးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း ရွှေတိဂုံစေတီတော်တစ်ဝိုက်မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားပါတယ်။
2022-06-13
ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု အများဆုံးဒေသတစ်ခု ဖြစ်ပါတယ်။ ကာလကြာရှည် ပြည်တွင်းစစ်၊ တရုတ်နယ်စပ်နဲ့ နီးကပ်မှု စတဲ့အချက်တွေက မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ပိုများစေပါတယ်။
2022-06-10
မြန်မာနိုင်ငံမှာ ပြည်ပခရီးသွားဧည့်သည်တွေကို အဓိက အားထားရောင်းချနေရတဲ့ ရှေးဟောင်းပုဂံနယ်မြေက ယွန်းထည်လုပ်ငန်းဟာ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ခရီးသွားဝင်ရောက်မှု မရှိတော့တာကြောင့် ရပ်ဆိုင်းသွားပါတယ်။ ယွန်းထည်လုပ်ငန်းနဲ့ ရပ်တည်ခဲ့ကြရတဲ့ ယွန်းလုပ်သားတွေဟာလည်း အခုအချိန်မှာ စားဝတ်နေရေးအတွက် ကြုံရာကျပန်းအလုပ်တွေနဲ့ ဖြေရှင်းနေကြရပါတယ်။
2022-06-10
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်လက်နက်တွေနဲ့ လုံးဝကျွမ်းဝင်မှုမရှိခဲ့တဲ့ အသက်မွေးဝမ်းကြောင်းနယ်ပယ်က သာမာန်ပြည်သူအတော်များများဟာ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်ခဲ့ကြပါတယ်။ အဲဒီလူတွေထဲမှာ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗိုလ်နွေဦးလည်း အပါအဝင်ဖြစ်ပါတယ်။
2022-06-09
အသက် ၆၁ နှစ်အရွယ် ဦးအောင်သာနဲ့ သူ့မိသားစုဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်မှာ ပိန်းရိုးခြောက်ရောင်းချတဲ့အလုပ်နဲ့ ရပ်တည်နေတာပါ။
2022-06-09
ဇွန်လ ၉ ရက် ဒီနေ့ဟာ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တို့အကြား တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားခဲ့တာ အချိန် ၁၁ နှစ် ပြည့်ခဲ့ပါပြီ။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ စတင်ခဲ့တဲ့ စစ်ပွဲကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးလာရတဲ့ အရပ်သားတွေကတော့ အခုချိန်အထိ ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလိုနေထိုင်နေရဆဲပါ။