မာန်အောင်အနီး သင်္ဘောမြုပ၊် လူ ၁၉ ဦး ပျောက်ဆုံး
2014.08.04
ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်အကြား မာန်အောင်မီးပြတိုက် အနောက်မြောက်ဘက် ရေမိုင် ၁၃ မိုင်ခန့်အကွာမှာ လူ ၂၅ ဦး ပါတဲ့ အဏ္ဏဝါ (၉) အမည်ရ ငါးဖမ်းသင်္ဘောတစ်စီး မနေ့က နစ်မြုပ်ခဲ့ရာ ဒီနေ့အထိ လူ ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ တွေက ပြောပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြင့်က အခုလိုပြောပါတယ်။
"ဒီမှာပါတာ ၂၅ ယောက်လို့သိရပါတယ်၊ လှေ ၁၃ စင်းကတော့ လိုက်လံပြီးရှာဖွေနေတယ်ပေ့ါဗျာ၊ မနေ့ကအထိတော့ ၆ ယောက် ပြန်ဆယ်လို့ရပါတယ်ခင်ဗျ"
အဲဒီ အဏ္ဏဝါ (၉) ငါးဖမ်းသင်္ဘောဟာ ကော့သောင်းမြို့အခြေစိုက် ရွှေအော်ကြီးကုမ္ပဏီပိုင် သင်္ဘော ဖြစ်ပါတယ်။ သြဂုတ်လ ၁ ရက်နေ့က ကျောက်ဖြူမြို့ဆိပ်ကမ်းကနေ ရေခဲတွေ တင်ဆောင်ပြီး ပင်လယ်ပြင်မှာ ငါးဖမ်းနေခဲ့ ပါတယ်။ မနေ့ကပိုက်ဆွဲတင်နေစဉ် ရာသီဥတုဆိုးဝါးလာလို့ နစ်မြုပ် သွားတာ ဖြစ်ပြီး ၊ ၃ နာရီလောက်အကြာမှ တခြားစက်လှေတစ်စီး ရောက်လာပြီး စက်ဆရာတစ်ဦးနဲ့ လူ ၅ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
ဆယ်ယူရရှိတဲ့ လူ ၆ ဦးကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ငပုတော၊ ဟင်္သာတ၊သုံးခွ၊ ဒိုက်ဦး စတဲ့ မြို့နယ်တွေကဖြစ်ကြပြီး ကျောက်ဖြူမြို့ကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။မနေ့က ပိုက်ဆွဲတင်နေစဉ် ရာသီဥတုဆိုးတာကြောင့် နစ်မြုပ်သွားတာလို့လည်း သိရပါတယ်။
သင်္ဘောနစ်မြုပ်ပြီး ၃ နာရီလောက်အကြာမှာ တခြားစက်လှေတစ်စီးက စက်ဆရာတစ်ဦးနဲ့ လူ ၅ ဦးကို ကယ် တင်နိုင်ခဲ့ပြီး ကျောက်ဖြူမြို့ကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။ ဆယ်ယူရရှိတဲ့ လူ ၆ ဦးကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က တစ်ဦးအပါအဝင် ငပုတော၊ ဟင်္သာတ၊ သုံးခွ၊ ဒိုက်ဦး စတဲ့ မြို့နယ်တွေ ကဖြစ်တယ်လို့လည်းသိရပါတယ်။
အခုလက်ရှိမှာ ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူ ၁၉ ဦးကို ငါးဖမ်းစက်လှေ ၁၃ စီးလောက်က ဝိုင်းဝန်းရှာဖွေနေဆဲ ဖြစ် တယ်လို့လည်း သိရပါတယ်။