မလေးရှားမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသစ် ဖွင့်လှစ်
2011.05.15
ဗုဒ္ဓဘာသာ ထွန်းကားခဲ့ဖူးတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့တဲ့ မလေးရှားနိုင်ငံမှာ အခုလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသစ် ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး ပီနန်မြို့ ဓမ္မိကာရာမ ကျောင်းတိုက်က အရှင် ကုသလသာမိက အခုလို မိန့်ကြားပါတယ်။
“ပီနန်ဆရာတော်ကြီးက- ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ နိုင်ငံတွေ တွေ့ခဲ့တယ်ပေါ့။ အခုအချိန်မှာ မထွန်းကားတော့ဘူး၊ ဥပမာ အာဖဂန်နစ္စတန်၊ မလေးရှား၊ ပါကစ္စတန် စသည်ပေါ့။ နောင်မျိုးဆက်တွေ ကျလို့ရှိရင် ဒီနိုင်ငံတွေက ဗုဒ္ဓဘာသာ ထွန်းကားခဲ့ဖူးတယ် ဆိုတာ လူတွေ သိမှာ မဟုတ်တော့ဘူးပေါ့။ အဲဒီတော့ ဒီနိုင်ငံမှာရှိတဲ့ ရှေးဟောင်းဘုရားတွေ၊ ဆင်းတုတော်တွေ အကုန်လုံး စုပေါင်းပြီးတော့ တနေရာထဲမှာ ပြသလို့ရှိရင် လာကြည့်သူတွေအနေနဲ့ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တဲ့ နိုင်ငံကြီးတွေ ပါလားလို့ သူတို့ သိသွားလိမ့်မယ် ပေါ့”
အသစ် ဆောက်လုပ်ထားတဲ့ ပီနန် ရွှေစေတီကျောင်းရဲ့ ပထမထပ်မှာ မလေးရှားနိုင်ငံတွင်းက ပြန်လည်ရှာဖွေ စုဆောင်းရရှိထားတဲ့ ဗုဒ္ဓ ဆင်းတုတော်တွေနဲ့ ရှေးဟောင်း ဗုဒ္ဓဝင်လက်ရာတွေ ခင်းကျင်း ပြသထားသလို ဒုတိယထပ်မှာတော့ မြန်မာနိုင်ငံက ပင့်လာတဲ့ ရှေးဟောင်းဆင်းတုတွေ ဒီဇိုင်းဆင် ပြသထားတယ်လို့ သိရပါတယ်။
ပီနန် `ရွှေစေတီကျောင်း’ ဖွင့်ပွဲကို အာရှနိုင်ငံတွေနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေက ထေရဝါဒနဲ့ မဟာယန သံဃာတော် စုစုပေါင်း ၁၅၀ ကျော်နဲ့ လူပရိသတ် ၃ ထောင် ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ အရှင် ကုသလသာမိက မိန့်ကြားပါတယ်။
`ရွှေစေတီကျောင်း’ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က အရှင် ကုသလသာမိ ကို ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |