ပဋိက္ခတွေမှာမပါဝင်ဖို့ ရွှေဝါရောင်သံဃာတော်တွေတိုက်တွန်း

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဟာ ကောလဟလတွေကို အခြေခံပြီး ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ အဓိကရုဏ်းတွေမှာ မပါဝင်ကြဖို့ ရွှေဝါရောင် သံဃာတော်များကွန်ရက်က ဒီကနေ့ရက်စွဲနဲ့ သတိပေး ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

ဒီကြေညာချက် ထုတ်ပြန်ရတာနဲ့ ပတ်သက်ပြီး ရွှေဝါရောင်သံဃာတော်များကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးပဏ္ဍဝံသက RFA ကို အခုလို မိန့်ကြားပါတယ်။

"ဘာသာရေး ပဋိပက္ခအသွင်တွေ၊လူမျိုးခြား ပဋိပက္ခ အသွင်တွေဟာ ကောလဟာလတွေ သိပ်များလို့ ဖြစ်တယ်။ဥက္ကံတို့ကလည်း ကောလဟာလကြောင့် ဖြစ်တယ်ဆိုတော့ အဲဒီဟာတွေကို သတိပေးချင်လို့ ထုတ်တာ"

ကြားဖြတ်ရွေးကောက်ပွဲပြီးကတည်းက မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ သွေးရိုးသား ရိုးမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေး အမြတ်ထုတ်သူတွေရဲ့ ထောင်ချောက်ဆင်မှု တွေဖြစ်တဲ့အကြောင်း၊ ဒီပဋိပက္ခတွေ ဖြစ်ပွားခဲ့ရင်လည်း ပြည်သူတွေအနေနဲ့ လုံးဝမပါဝင်ကြဖို့ မေတ္တာရပ်ခံကြောင်း၊ အဲ့ဒီအခြေအနေတွေဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေကြောင်း စတဲ့အချက်တွေကို ဒီကနေ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။