ဖားကန့်မှာ စုံစမ်းစစ်ဆေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို


2016.03.25
cso-pharkant-investigate620.jpg ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ မတ်လ ၂၅ ရက်နေ့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့စည်းတွေ သတင်းစာရှင်းလင်းစဉ်
Photo: Htet Arkar/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က စည်းကမ်းဖောက်ဖျက်တဲ့ ကျောက်စိမ်းတွင်းကုမ္ပဏီတွေကို စစ်ဆေးပေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးစေလိုကြောင်း ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှု အဖွဲ့စည်းတွေက လာမယ့် အစိုးရသစ်ထံ တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကိုယ်စား ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဦးလမောင်လထောင်က ဒီကနေ့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

"ကျနော့်အနေနဲ့ တောင်းဆိုတာဘာလဲဆိုရင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ဖြစ် ပါတယ်၊ ကုမ္ပဏီတွေကို စစ်ဆေးပေးဖို့ပါ၊ ကျနော်တို့မှာ လွန်ခဲ့တဲ့လတုန်းက ကားတွေစစ်ဆေးဖို့လာကြပါတယ်၊ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုမရှိပါဘူး၊ ဒေသခံကိုလည်း အဲ့ကော်မတီထဲမှာထည့်သွင်းပေးဖို့လေ၊ တကယ်လို့ အဲ့ဥပဒေအတိုင်း မလိုက်နာတဲ့ကုမ္ပဏီတွေ စည်းကမ်းဖောက်ဖျက်တဲ့ကု မ္ပဏီတွေကို လာရောက်စစ်ဆေးပေးဖို့ အတွက်ဖြစ်ပါတယ်"

ပြည်သူ့အကျိုးပြု သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒတွေ၊ အုပ်ချုပ်ရေး ယန္တရားတွေ၊ အမြန်ဆုံးထွက်ပေါ် လာအောင် ဆောင်ရွက်ပေးဖို့နဲ့ အဲ့ဒီလို ပေါ်လာတဲ့ အချိန်အထိ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေ လုံးဝရပ်ဆိုင်း ထားပေးဖို့ကိုလည်း တောင်းဆိုကြောင်း အဲဒီအဖွဲ့တွေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်မှုဟာ တစ်လကို ကျောက်စိန်းတန်ချိန် ၁၀၀၀ လောက်ထွက်ပြီး တူးဖော်နေတဲ့ ကုမ္ပဏီတွေထဲမှာ တရုတ်ကုမ္ပဏီတွေက အများဆုံး ဖြစ်တယ်လို့လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ကျောက်စိမ်းတူးတဲ့ လုပ်ငန်းဝင်ငွေရဲ့ အခွန်ပေးဆောင်မှုမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်းလည်း ပြော ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။