လှိုင်သာယာမှာ ကျူးကျော်တဲ ၂ဝဝဝ ကျော် ဖျက်သိမ်း


2014.12.16
hlaingtharyar-slum-house-305.jpg လှိုင်ယာမြို့နယ်က ဖျက်ဆီးခံရတဲ့ တဲအပျက်နားမှာ ထိုင်နေသူတစ်ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ထဲက ကျူးကျော်တဲ နှစ်ထောင်ကျော်ကို သက်ဆိုင်ရာတွေရဲ့ ညွှန်ကြားချက်အရ လူအင်အား ၃ဝဝ ကျော်က မနေ့ညပိုင်းမှာ ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

အခုလို လာရောက်ဖျက်ဆီးခဲ့တာကြောင့်  ဒုက္ခရောက်နေရကြောင်း ကျူးကျော်တဲ ထိုးနေထိုင်သူတစ်ဦးဖြစ်တဲ့ မနွယ်နွယ်ဆန်း က ပြောပါတယ်။

"မနေ့က ၆ နာရီလောက်ကတည်းက လူစုလူဝေးနဲ့ လာပြီးတော့ဖျက်တာ၊ ရဲတပ်ဖွဲ့ဘေးကနေ အရံပဲကြည့်ပြီးတော့ ပြည်သူလူထုကို အရက်တိုက်၊ ပိုက်ဆံပေးပြီးတော့ ငှားပြီးဖျက်ခိုင်းတာပါ၊ မရှိလို့ ရှာဖွေပြီး ရှိတာလေးတွေ ရောင်းချပြီး ဆောက် ထားတာလေးတွေ အခုလိုကုန်သွားသည့်အတွက် ကျမတို့မှာ စားဝတ်နေရေးတွေ နေရေးထိုင်ရေးတွေ အကုန်လုံးခက်ခဲမှုရှိပါတယ်၊ ကျမတို့ကို အခုတစ်လ၊ နှစ်လနေခွင့်ပြုဖို့ပဲ ပြောချင်ပါတယ်"

အဲ့ဒီကျူးကျော်တဲတွေမှာ နေထိုင်သူအများစုဟာ ဧရာဝတီတိုင်းဒေသကြီးကနေ ရန်ကုန်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းကစတင်ပြီး အနော်ရထာစက်မှုဇုန်ဝင်းထဲမှာ ကျူးကျော်ဝင်ရောက်နေထိုင်သူတွေ တဖြည်းဖြည်းများလာပြီး ၁၅ ရက်အတွင်း ကျူးကျော်တဲ အလုံး ၂ဝဝဝ ကျော်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အခုဖျက်ဆီးခံခဲ့ရတဲ့ ကျူးကျော်တဲတွေထဲမှာ မူလကျူးကျော်နေထိုင်သူတွေထံကနေ ကျပ်ငွေ ငါးသောင်းဝန်းကျင်ပေးပြီး ဝယ်ယူနေထိုင်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။