ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းမှ သပိတ်စခန်းတွေ ရုပ်သိမ်းမယ်လို့ပြော

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်ဆိုင်းမှသာ သပိတ်စခန်းတွေကို ရုပ်သိမ်းသွားမယ် လို့ ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေး ဦးဆောင်လှုပ်ရှားသူတွေက RFA ကို ပြောပါတယ်။

2012.11.28
letpadaung-protest-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် ကျေးရွာလူထု တောင်းဆို ဆန္ဒပြနေကြစဉ်။
RFA

မနေ့က အစိုးရနိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယို စတဲ့သတင်းဌာနတွေက ဝန်ပေါင်ကုမ္ပဏီနားက သပိတ်စခန်း အပါအဝင် အားလုံး ဖယ်ရှားပေးကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ထုတ်ပြန်ခဲ့ပေမယ့် သပိတ်စခန်းမှာ ရှိကြတဲ့ ရာနဲ့ချီတဲ့ သံဃာတွေ၊ ဒေသခံ တောင်သူလယ်သမားတွေက သူတို့အနေနဲ့ ဖယ်ရှားမပေးနိုင်ကြောင်း၊ စီမံကိန်းရပ်ဆိုင်းမှသာ ဖယ်ရှားမှာဖြစ်ကြောင်း ငြင်းဆန်နေတာပါ။ ကြေးနီတောင်စီမံကိန်း သပိတ်စခန်း ၆ ခုနဲ့ ရွာပေါင်း ၂၆ ရွာက တောင်သူလယ်သမားတွေကို ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ မသွဲ့သွဲ့ဝင်းက သူတို့ဖက်က သဘောထားကို ပြောပြပါတယ်။

သပိတ်စခန်း ၆ ခုမှာ မန္တလေး မုံရွာဖက်က ကြွရောက်အားဖြည့်ကြတဲ့ သံဃာတော်အပါး ၃ဝဝ ပတ်ဝန်းကျင်လောက်နဲ့ ဒေသခံ တစ်ထောင်နီးပါးအထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

အစိုးရရဲ့ ကြေညာချက်မှာပါရှိတာက လက်ပန်းတောင်းတောင်စီမံကိန်း ဆက်ပြီး လုပ်ဆောင်သင့် မသင့်၊ ကော်မရှင်ဖွဲ့ပြီးစစ်ဆေးဖို့ မကြာခင် ကော်မရှင်ဖွဲ့ပြီး သွားရောက်စစ်ဆေးတော့မယ့်အကြောင်း ဒါ့ကြောင့် အခုဖွဲ့စည်းမယ့် ကော်မရှင်က လွတ်လွတ်လပ်လပ် စစ်ဆေးနိုင်ဖို့အတွက် ဆန္ဒပြနေသူအားလုံး ဖယ်ရှားကြဖို့၊ တကယ်လို့ မဖယ်ရှားဘူးဆိုရင် တည်ဆဲဥပဒေအရ ဖြေရှင်းဆောင်ရွက်သွားမယ် ဆိုတာကို သတိပေးတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာလည်း ရန်ကုန်မြို့မှာ စီမံကိန်း ရပ်ဆိုင်းပစ်ဖို့ ဆန္ဒပြသူတွေထဲက ၆ ဦးကို ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတာလည်း ရှိနေပါတယ်။

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းတာ နားဆင်နိုင်ပါတယ်။

ဦးဝင်းနိုင် အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

ကြေးနီစီမံကိန်း နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။

ဒေါ်ခင်ခင်အိ အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ဒေသခံ ဆန္ဒပြသူတွေအကြား အခြေအနေတင်းမာလာတဲ့အပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။

ကိုကျော်မင်းထွန်း အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။