ကြေးနီတောင်စီမံကိန်းမှာ သပိတ်စခန်း ၆ ခုအထိ တိုးလာနေ

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေ ကြတဲ့ ဒေသခံတွေဟာ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ သပိတ်စခန်း ၆ခုအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး စီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရေးအတွက် ဆက်ပြီးတိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

2012.11.23
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆို ဆန္ဒပြနေကြစဉ်။
RFA

ဒေသခံတွေဟာ ဝမ်ပေါင် ကုမ္ပဏီရုံးရှေ့မှာ သပိတ်စခန်းတခုကို ဖွင့်လှစ်ခဲ့ပြီးနောက် စီမံကိန်းဆောင်ရွက်နေတဲ့ လုပ်ငန်းခွင်တွေ ဆက်လက်အလုပ်မလုပ်နိုင်အောင် သပိတ်စခန်းတွေ တိုးချဲ့ဖွဲ့လိုက်တာလို့ ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ ၃ဝဝလောက်ကလည်း ဆန္ဒပြသူများက သပိတ်စခန်းအတွက် သယ်ယူတဲ့ရိက္ခာများကို သယ်လို့မရအောင် ဟန့်တားတာမျိုးတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဆန္ဒပြနေတဲ့ မိုးကြိုးပြင်ရွာသား ကိုဇော်နိုင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဇော်နိုင်ကို အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။