မန္တလေးသံဃာတွေ ထိုင်သပိတ်စတင်မည်

မန္တလေးမြို့က သံဃာတော်တွေဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို လုံထိန်းတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတော်တွေ ဒဏ်ရာရရှိခဲ့ကြတာနဲ့ ပတ်သတ်ပြီး မန္တလေးဘုရားကြီးဝင်းအတွင်းမှာ သံဃာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး သံဃာတော်ထိုင်သပိတ် စတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ဦးဆောင်သံဃာတော်တွေက ဆိုပါတယ်။

2012.11.29
monk_protest_lpt_305 လက်ပန်းတောင်းသပိတ်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး မန္တလေးရှိ သံဃာတော်များက နိုဝင်ဘာလ ၃၀ရက်နေ့တွင် မန္တလေးဘုရားကြီးဝင်းအတွင်းမှာ ထိုင်သပိတ်ပြနေစဉ်
Photo: RFA

ဒီကနေ့ညနဲ့  မနက်ဖြန်ခါ သင့်တော်တဲ့အချိန်မှာ မန္တလေးသံဃာတော်တွေအနေနဲ့ ထိုင်သပိတ်လုပ်ကြမှာဖြစ်တယ်လို့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက RFA ကို ပြောပြပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပြီးနောက်မှာ မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိနေရတဲ့ သံဃာတော်တွေဟာ မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ သံဃာတော် (၇) ပါး ဖမ်းဆီးထိန်းသိမ်းခံထားရသလို တစ်ချို့သံဃာတွေလည်း ပျောက်ဆုံးနေတယ်လို့ မိန့်ကြားပါတယ်။

မန္တလေးသံဃာတော်တွေရဲ့ ဒီကနေ့ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတကို RFA သတင်းထောက် မငြိမ်းငြိမ်းပြည့်က ဆက်သွယ်လျှောက်ထား တင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။