မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရေး ေ၀ဝါးနေဆဲ


2019.02.21
myitsone-622.jpg ဧရာဝတီ မြစ်ဆုံဒေသကို တွေ့ရစဉ်
Photo: Zarni Htun/RFA
တရုတ်ပြည်ရဲ့ BRI ခေါ် စြင်္ကန်နဲ့ ပတ်လမ်းစီမံကိန်းအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အကောင်းမြင်ပြောဆိုနေပေမဲ့၊ မြန်မာဘက်က တဘက်သတ် ရပ်ဆိုင်းထားခဲ့တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရေးကိစ္စကတော့ အခုထိ ေ၀ဝါးနေဆဲပဲလို့ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်း သတင်းစာက ဖေါ်ပြပါတယ်။

ပြီးခဲ့ဲတဲ့ ဇန်နဝါရီလကတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း က မြစ်ဆုံဆည်စီမံကိန်းကို အရွယ်အစားလျှော့ချမလား၊ တခြားနေရာတခုခုကို ပြောင်းရွှေ့ဆောင်ရွက်မလား၊ တခြားစီမံကိန်းတခုခုနဲ့ အစားထိုးမလားလို့ အဆိုပြုခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ဘက်ကတော့ ဒါဟာ မြန်မာအစိုးရအပေါ် ဂုဏ်သိက္ခာကျဆင်းဖွယ်ရာ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူတွေကြားမှာ အယုံအကြည်ကင်းမဲ့စရာ ဖြစ်သွားမယ့်အပြင်၊ စီမံကိန်းကို ပယ်ဖျက်လိုက်ရင် တရုတ်ကုမ္ပဏီကို ဒေါ်လာ သန်း ၈၀၀ ပြန်ပေးရမှာဖြစ်ကြောင်း၊ ဒါ့ပြင် လာမယ့်အနာဂတ်မှာလည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီုးမြှုပ်နှံမယ်ဆိုရင် ဘဏ်တိုက်တွေကနေ ငွေချေးဖို့ ခက်ခဲသွားလိမ့်မယ်လို့ ဂလိုဘယ်တိုင်း သတင်းစာက ဖေါ်ပြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။