မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စကို တိတိကျကျ ကိုင်တွယ်ဖို့ အိုဘားမားကို တောင်းဆို
2012.11.14

အဲဒီ အစည်းအဝေးမှာ သမ္မတအိုဘားမားရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအကြံပေးအရာရှိ Samantha Power က သမ္မတ အိုဘားမားဟာ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်း ဆွေးနွေးမှာဖြစ်တဲ့အကြောင်း ရှင်းပြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
လူ့အခွင့်အရေးကိစ္စကို ရှေ့တန်းထားဆွေးနွေးမှာအပြင် ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ အိမ်ဖြူတော် အရာရှိက လူ့အခွင့်အရေး အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၇ ကနေ ၂၀ ရက်နေ့အထိ ကြာမြင့်မယ့် သမ္မတအိုဘားမားရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပြီး သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အမေရိကန်သမ္မတတစ်ဦးရဲ့ သမိုင်းဝင် ခရီးစဉ်လည်းဖြစ်သလို အရှေ့တောင်အာရှဒေသဖက်ကို အလေးထားလာတဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲအတွက်လည်း အရေးပါတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောကြပါတယ်။