ရိုက်တာ သတင်းထောက်နှစ်ဦးကို တရားရုံးက ချုပ်မိန့်ပေး


2017.12.21
reuters-622.jpeg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို တွေ့ရစဉ်
Photo: MPA and Kyaw Soe Oo Facebook

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကို မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး၊ တရားရုံးက ချုပ်မိန့်ပေးလိုက်တယ်လို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

ချုပ်မိန့်ရထားပြီမို့ ဆက်လက်ထိန်သိမ်းထားမှာဖြစ်ပြီး၊ စစ်ဆေးနေဆဲဖြစ်တာကြောင့် ဘယ်သူနဲ့မှ တွေ့ခွင့်ရဦးမှာ မဟုတ်ဘူးလို့ ရဲအရာရှိ မျိုးသူစိုးက ပြောဆိုကြောင်းလည်း ဖေါ်ပြပါတယ်။

ဒါ့ပြင် ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ကြောင်း ရဲက  ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်ကို ပြောဆိုခဲ့ပြီး၊ နှစ်ဦးလုံးအတွက် အစားအသာက်နဲ့ အဝတ်အစားတွေ ရဲကတဆင့် ပေးထားခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ဦးကို  ဒီဇင်ဘာလ ၁၂ ရက်နေ့က ထိန်းသိမ်းခဲ့တာဖြစ်ပြီး၊ ဘယ်နေရာမှာထားတယ် ဆိုတာ မသိရဘဲ၊ မိသားစုနဲ့ ရှေ့နေအပါအဝင် ဘယ်သူနဲ့မှလည်း တွေ့ခွင့်မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။