သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-07
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို မောင်းထုတ်ခဲ့မှုကို အရေးယူစစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ လုပ်ထုံး လုပ်နည်း ပြည့်စုံမှုမရှိတဲ့အပြင် ဘက်လိုက်မှု သံသယဖြစ်ဖွယ်ရာ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်လို့ မြန်မာအစိုးရက သောကြာနေ့ မနေ့က ကြေညာလိုက် ပါတယ်။
2018-09-07
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ပတ်သက်လို့ ဧပြီလ ၁၃ ရက်နေ့နဲ့ သြဂုတ်လ ၉ ရက်နေ့တွေမှာ အစိုးရက ထုတ်ပြန်ထားတဲ့အတိုင်း ရပ်တည်သွားမှာဖြစ်ပြီး အသွင်ကူးပြောင်းရေးအတွက် အမျိုးသားညီညွတ်ရေးကို အခြေခံကာ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2018-09-07
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ အမ်းမြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရေထုညစ်ညမ်းမှု အခြေအနေကို အတိကျသိရအောင် အစိုးရက စုံစမ်းစစ်ဆေးပေးဖို့ နေပြည်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ဒေသခံတွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
2018-09-07
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က ဖမ်းဆီးသွားတဲ့ နန်းမိုဟွမ် လွတ်မြောက်ရေး အတွက် နန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေက ရှမ်းပြည်နယ် နမ့်ခမ်းမြို့လယ် ဘုရားပန်ပွဲကွင်းမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2018-09-07
ရိုက်တာသတင်းထောက် နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က သတင်းထောက်တွေနဲ့ အရပ်ဖက်အဖွဲ့ဝင်တွေ ဒီနေ့ မော်လမြိုင်မြို့မှာ လမ်းလျှောက်ဆန္ဒပြ ခဲ့ပါတယ်။
2018-09-07
မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာအနီးမှာရှိတဲ့ ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးကာ ၄ ဦးပိတ်မိနေတယ်လို့ သိရပါတယ်။
2018-09-07
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက စီနိုဟိုက်ဒရို ကုမ္ပဏီလုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ မြေတူးမြေဖို့တဲ့ ဘတ်ဟိုးကား ပျက်စီးသွားခဲ့တာနဲ့ ပတ်သက် လို့ ကုမ္ပဏီက ယဉ်မောင်းကို ချမှတ်တဲ့ ပြစ်ဒဏ်ပြင်းထန်လွန်းတာကို ပြန်လည်ပြင်ဆင်ပေးဖို့ အလုပ်သမားတွေက သွားရောက် တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ဘူးလို့ သိရပါတယ်။
2018-09-07
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။
2018-09-06
နယ်သာလန်နိုင်ငံ The Hague သည် ဟိတ်မြို့ရှိ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တရားသူကြီးတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လူ့အခွင့်အရေး ချိုးဖေါက်မောင်းထုတ်ခဲ့တဲ့ အမှုကို စစ်ဆေးစီရင်မယ်ဆိုရင် ကိုင်တွယ်ဖြေရှင်းတဲ့ အဆင့် ၄ ဆင့်ရှိတယ်လို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ Civil Rights Movement တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဦးဌေးလွင်ဦးက RFA ကိုပြောပါတယ်။
2018-09-06
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ သတင်းစာတွေ အရှုံးမပေါ်ဖို့အတွက် ကြော်ငြာဝင်ငွေ အတိုင်းအတာ တစ်ခုထိ တိုးတက်ရရှိရေး အပါအဝင် အချက်သုံးချက် ဆောင်ရွက်မယ်လို့ ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောလိုက်ပါတယ်။
2018-09-06
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေအဖြစ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပြီး ဖျက်သိမ်းပေးဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက တောင်းဆိုလိုက်ပါတယ်။
2018-09-06
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ခု ရဲ့ ထိပ်သီးညီလာခံ ကျင်းပနိုင်ဖို့အတွက် ချင်းမိုင်းမြို့မှာ ဒီနေ့ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
2018-09-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စွဲချက်တင်ခံထားရသူ အောင်ဝင်းထွန်း ဆိုသူကို ရန်ကုန်မြို့ အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2018-09-06
ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးကျတာကြောင့် ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းက မြို့နယ် ၆ ခုမှာ ကျပ်သိန်းပေါင်း ၄၆ဝဝ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2018-09-06
မန္တလေးမြို့မှာ “ကုလသမဂ္ဂ UN အလိုမရှိ၊ NLD အစိုးရ အယုံအကြည်မရှိ၊ ခိုးဝင်ဘင်္ဂါလီသာ ရှိတယ် ရိုဟင်ဂျာဆိုတာမရှိ၊ မြန်မာ့သမိုင်းကို သွေးနဲ့ဆေးမယ်” ဆိုတဲ့ ရေးသားချက်ပါ စာရွက်တွေ ကပ်ခဲ့တာနဲ့ပတ်သက်လို့ အာဏာပိုင်တွေက စုံစမ်းနေဆဲပဲလို့ သိရပါတယ်။