သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-10
ဖမ်းဆီးထောင်ချခံထားရတဲ့ ယူနတီ သတင်းဂျာနယ်နဲ့ မွန်းတည့်နေ သတင်း ဂျာနယ်တို့က သတင်းသမားတွေ လွတ်မြောက်ဖို့အတွက် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် က ကြေးသွန်းဘုရားမှာ ဒီကနေ့ သတင်းသမား ၂၀ လောက် က ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။
2014-08-10
၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်း အဝေး ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနမှာ ဒီနေ့ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
2014-08-10
လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူငယ်များနေ့ အခမ်းအနားကို ဒီနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာကျင်းပရာမှာ လူငယ်တစ်ထောင့် ငါးရာလောက် တက်ရောက်ခဲ့ကြပါတယ်။
2014-08-10
လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ မနေ့ညက ရန်ကုန်မြို့တွင်းမှာ ကုန်တင်ယာဉ်တစ်စီးက ဝင်တိုက်မိ တဲ့အတွက် အဖွဲ့သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီးကိုရောက်ရှိခဲ့ကြပါတယ်။
2014-08-10
အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (ဒုတိယမူကြမ်း) နဲ့ ပတ်သက်ပြီး အစိုးရဖက် က ပြင်ဆင်တဲ့ အချက် တွေနဲ့ပတ်သက်ပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေ သြဂုတ်လ ၉ ရက်မနေ့က ထိုင်း၊ မြန်မာ နယ်စပ်တစ်နေရာမှာ ထပ်မံတွေ့ ဆုံဆွေးနွေး နေကြပါတယ်။
2014-08-09
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး လှည်းကူးမြို့နယ်၊ ဂျုံးဂျုံး ကျကျေးရွာ က ရေဘေးဒုက္ခသည်တွေကို အစားအသောက် နဲ့ ဆေးဝါး ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
2014-08-09
စစ်တပ်ကသိမ်းထားတဲ့ အိမ် ခြံမြေတွေ ပြန်ပေးဖို့ ဆန္ဒပြတောင်း ဆိုနေတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် ပြည်သူတွေထဲက အသက် (၇၆) နှစ် အရွယ် ဒေါ်သောင်းညွန့်ဟာ ရာသီဥတုဒဏ်ကြောင့် မြောက် ဥက္ကလာပဆေးရုံကိုပို့ဆောင်လိုက်ရပြီး မနေ့ညနေက ကွယ် လွန်သွားတယ်လို့ သိရပါတယ်။
2014-08-09
ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်မယ့် PR အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပွဲကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဆန္ဒပြကြမယ့် သူတွေက မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေး စာတိုက်အနီးကစုရပ်မှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပါတယ်။
2014-08-09
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး အောင်မြင်ဖို့ဆိုရင် ရခိုင်ပြည် နယ်က ပဋိပက္ခကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း အမေရိကန်နိုင် ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီက သမ္မတ ဦးသိန်းစိန်ကို အကြံပြုတိုက်တွန်း လိုက်ပါတယ်။
2014-08-09
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို မနေ့ကစတင်ပြီး ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
2014-08-09
မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင် မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် တရားစွဲဆို ထားတာကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဒေးဒရဲမြို့မှာ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2014-08-09
စက်မှုဇုန်တွေက အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့ အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေပါတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီဟာ ဒီလကုန်မှာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေက စက်ရုံ၊ အလုပ်ရုံတွေမှာ ကွင်း ဆင်းလေ့လာသွားမယ်လို့ သိရပါတယ်။
2014-08-08
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိ က လှူဒါန်းမတည်ထားတဲ့ မေတ္တာ အိုးဝေဖောင်ဒေရှင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေအတွက် ပညာရေးထောက်ပံ့ပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ သြဂုတ်လ မနေ့က ကျင်းပခဲ့ပါတယ်။
2014-08-08
ဒီနေ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့်မှာ ရန်ကုန်မြို့အခြေစိုက် တက်ကြွလှုပ်ရှားသူတွေက တာမွေမြို့နယ် ကနေ ဆူးလေဘုရားထိ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။
2014-08-08
၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနဲ့ အာဆီယံဒေသ တွင်းဖိုရမ်ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနမှာ ဒီနေ့ စတင်ကျင်းပရာ အာဆီယံအလှည့် ကျဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်