သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-17
ကိုရိုနာကူးစက်ပြန့်ပွားမှု ထိန်းချုပ်နေတဲ့ ကာလမှာ ချင်းပြည်နယ်က အိန္ဒိယနယ်စပ်ဂိတ်ကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်သွားမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
2020-05-17
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဒုတိယအကြိမ် ထောက်ပံ့မှုတွေကို ရက်သတ္တပတ် နှစ်ပတ်ကနေ သုံးပတ်အတွင်း လုပ်ဆောင်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2020-05-16
လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနရဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက်တစ်ဦး ဖြစ်တဲ့ ဦးအောင်မိုးမြင့်ဟာ ၂ဝ၂ဝ ပြည့်နှစ် မေလ ၁၆ ရက်နေ့က ချင်းမိုင်မြို့ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
2020-05-16
အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရခိုင့်တပ်တော် (AA)ကို တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်မှာ ချန်ထားခဲ့တာဖြစ်ပြီး၊ ဒါဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ လုပ်ဆောင်တာလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားလိုက်ပါတယ်။
2020-05-16
ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အုပ်ချုပ်မှုလုပ်ငန်းတွေ ရှိနေတဲ့ ဒေသအတွင်း တပ်မတော်စစ်ကြောင်းတချို့ ပိုမို လှုပ်ရှားလာတာကြောင့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေနိုင်ကြောင်း KNU က ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
2020-05-16
ရန်ကုန်တိုင်းအတွင်း မေလ ၁၅ ရက်နေ့က စပြီး အသွားအလာ ကန့်သတ်ထားတဲ့ လေးမြို့နယ်ကို ဖြေလျှော့ ပေးလိုက်ပေမယ့် မြို့နယ်တွေ အားလုံးနီးပါးမှာ တင်းကျပ်မှုတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။
2020-05-15
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုကာလအတွင်း လျှပ်စစ်ဓာတ်အား ယူနစ် ၁၅၀ အထိ လျှော့ပေးတဲ့ ကိစ္စဟာ၊ ဝင်ငွေနည်းတဲ့ မိသားစုတွေအတွက် အဓိကရည်ရွယ်ခဲ့တာဖြစ်ပြီး၊ ယူနစ် ၁၅၀ အထက် များများသုံးရင်တော့ များများပေးဆောင်ရမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ သတင်းစာရှင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2020-05-15
ကပ်ရောဂါကာလအတောအတွင်း ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ ပြင်ဆင်ရမယ့် အချိန်ဖြစ်နေပေမယ့် လတ်တလောမှာတော့ ပါတီ အတော်များများ ကိုယ်စားလှယ်လောင်းတွေ မရွေးချယ်နိုင်သေးပါဘူး။
2020-05-15
ရှမ်းပြည်မြောက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ရင်ဆိုင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေ့လူနာတွေရှိခဲ့လို့ ကျောက်မဲ၊ လားရှိုးနဲ့ မူဆယ် ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေ ကုသပေးခဲ့ကြရပါတယ်။
2020-05-15
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည် စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတဲ့သူ နှစ်ဦးကို ပထမဆုံး တွေ့ရှိထားတာကြောင့် လူတစ်သန်းနီးပါးနေထိုင်တဲ့ အဲဒီ ဒုက္ခသည်စခန်းထဲမှာ နောက်ထပ်ကူးစက်မှုတွေ ဖြစ်လာမှာကို ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။
2020-05-14
မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော် စုပြုံပြီးနေနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိတဲ့သူ နှစ်ဦးကို ပထမဆုံးတွေ့ခဲ့ပါတယ်။
2020-05-14
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ပညာပေးရေးအတွက် အခမဲ့ ဖြန့်ဝေနေတဲ့ နှာခေါင်းစည်းတွေဟာ လူကြီးတွေအတွက်သာ ဖြစ်နေတတ်တာကြောင့် ကလေးတွေအတွက် အဆင်မပြေပါဘူး။ အခြေခံလူတန်းစားတွေ နှာခေါင်းစည်း မဖြစ်မနေ တပ်နိုင်ဖို့အတွက် အလှူရှင်တွေ ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ ရောင်းပေးမယ့်သူတွေလည်း လိုအပ်နေပါတယ်။
2020-05-13
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်အောင် စားသောက်ဆိုင်အတွင်း ဝင်ရောက်စားသောက်ခွင့်မပြုဘဲ အစားအစာ အိမ်ကို ထုပ်ပိုးဝယ်ယူတဲ့စနစ် ကျင့်သုံးနေတာ အခုဆိုရင် တစ်လကျော်သွားပါပြီ။
2020-05-13
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး အလေးပေး ဆောင်ရွက် နိုင်အောင် တနိုင်ငံလုံး အပစ်ရပ်ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ သံတမန် နည်းလမ်းတွေသုံးပြီး ဖိအားပေးဆောင်ရွက်ပါဆိုပြီး၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် အန်ဂျီအို ၆၄ ဖွဲ့က နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပေးယိုကို မေလ ၁၃ ရက် မနေ့က စာရေးသားတိုက်တွန်းလိုက်ပါတယ်။
2020-05-13
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်းက သရက်ပြင်ရွာမှာ မိုင်းနင်းမိပြီး ရိုဟင်ဂျာ မွတ်စလင် ကလေး နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမိုင်းဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။