သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-19
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာမယ့် ခရီးသည်တစ်ဦးရဲ့ အိတ်အတွင်းကနေ ပန်းရောင်စိတ်ကြွဆေးပြား တစ်သောင်းခွဲကျော် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2018-08-19
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဖလွန်း (အောက်ရွာ) အနီးမှာ တအာင်းပလောင်အဖွဲ့ TNLA က ခရီးသွားကားတွေကို ရပ်တန့်ခိုင်းပြီး မရပ်တဲ့ ကားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ခရီးသွားနှစ်ယောက် ဒဏ်ရာရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2018-08-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်္ကာပူနိုင်ငံကို ဒီနေ့ကနေစပြီး လေးရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။
2018-08-18
မြန်မာအစိုးရက ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်ဖို့အတွက် ရေလုပ်သား လေးသောင်း နှစ်ထောင်ခန့် စေလွှတ်လိုကြောင်း ထိုင်း အလုပ်သမားရေးရာဝန်ကြီး Adul Sangsingkeo အဒူလ် ဆန်စင်းကီးယို က စနေနေ့ မနေ့က ပြောပါတယ်။
2018-08-18
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့မှုအတွက် ဒုတိယ ဗိုလ်ချုပ် ကြီး အောင်ကျော်ဇော၊ ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ ဗိုလ်ချုပ် ခင်လှိုင်နဲ့ ရဲမှူးချုပ် သူရစန်းလွင်တို့ အပြင် တပ်မ ၃၃ နဲ့ ၉၉ တို့ကို အမေရိကန်အစိုးရက သြဂုတ်လ ၁၇ ရက်နေ့က အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာနဲ့ စပ်လျဉ်းပြီး ဝါရှင်တန် မြန်မာသံရုံး က အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကို ရှုတ်ချကြောင်းနဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဖေါ်ပြထားပါတယ်။
2018-08-18
၀န်ထမ်းတွေအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ဖြစ်စေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေက ပြည်ထောင်စုအစိုးရကိုဖြစ်စေ အစီရင်ခံစာတွေကို မလိမ်မညာဘဲ အမှန်အတိုင်း တင်ပြကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီနေ့ ပြောလိုက်ပါတယ်။
2018-08-18
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရုတ်တရက် နာမကျန်းဖြစ်ပြီး ဒီကနေ့ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ ဖောင်ဒေးရှင်းက ကြေညာပါတယ်။
2018-08-18
မကွေးတိုင်းအလယ်ပိုင်း၊ မန္တလေးတိုင်းအလယ်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရန်ကုန် တိုင်း မြောက်ပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတာကြောင့် မိုးတိမ်တောင်အန္တရာယ် သတိပြုရမယ့်နေရာတွေ ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင် က ထုတ်ပြန်ထားပါတယ်။
2018-08-18
ရွေးချယ်တင်မြှောက်ခဲ့ရတဲ့ သတင်းမီဒီယာကောင်စီဝင်တွေ အနေနဲ့ သတင်းမီဒီယာ ဥပဒေကို ပိုမိုကောင်းမွန် ပြည့်စုံအောင် ကြိုးပမ်းကြဖို့ သတင်းမီဒီယာကောင်စီသစ် ရွေးချယ်တင်မြှောက်ရေး ဥက္ကဋ္ဌ ဦးသီဟစောက တိုက်တွန်းလိုက်ပါတယ်။
2018-08-18
အမေရိကန်ဒေါ်လာဈေး မြင့်တက်နေမှုကို ပြန်လည်လျော့ချနိုင်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေကို ဒေါ်လာသန်းရာနဲ့ချီ ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက် နေကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-08-18
ပြည်တွင်းမှာ ဒေါ်လာဈေး အဆမတန်တက်နေတာကို ထိန်းချုပ်ဖို့ ပြန်လည် တင်ပို့ကုန်စနစ် Re – Export လိုင်စင်တွေကို ယာယီပိတ်လိုက်တာကြောင့် တင်သွင်းမယ့် ကုန်ပစ္စည်းတွေ ဆုံးရှုံးမှု ရှိတဲ့အတွက် ပြန်လည်ကာမိဖို့ အစိုးရက စဉ်းစားပေးစေလိုတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
2018-08-18
ရခိုင်ပြည်နယ် မောင်တောမြို့ ရွှေစားကျေးရွာအုပ်စု ရွှေစားတံတားအနီးမှာ WY စိတ်ကြွဆေးပြား နှစ်သန်း ခုနှစ်သိန်း ကျော်ကို ဒေသလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။
2018-08-17
လွန်ခဲ့တဲ့ နှစ် ၉၉ သန်းက ပိတုန်းတစ်ကောင် ပိတ်မိနေတဲ့ ပယင်းကျောက်ကို မြန်မာနိုင်ငံက ရရှိခဲ့ပြီး သုတေသီတွေက စစ်ဆေးကြည့်တဲ့အခါ ပိတုန်းရဲ့မေးရိုးအောက်ခြေအမွှေးတွေမှာ သမိုင်းမတင်ခင်က ပေါက်ရောက်ခဲ့တဲ့ကျောက်ခက်ပင်လို ငှက်မွှေးသဏ္ဍာန်သစ်ရွက်ရှိတဲ့ အပင်ဖြစ်နိုင်ဖွယ်ရှိတဲ့ အပင်မျိုးစိတ်က ဝတ်မှုန်တွေတွေ့ရတယ်လို့ ဒီလ ၁၆ ရက်နေ့ထုတ် Current Biology မျက်မှောက်ဇီဝဗေဒ သိပ္ပံဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။
2018-08-17
မြန်မာ့တပ်မတော် ထိပ်တန်း အရာရှိ ၄ ဦးနဲ့ တပ်မ ၂ ခုကို ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အပြင်းအထန် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမေရိ ကန်ပြည်ထောင်စုက သောကြာနေ့ မနေ့က ပိတ်ဆို့အရေးယူမှုတွေ ပြဌာန်းလိုက်ပါတယ်။
2018-08-17
ဘင်္ဂလားဒေ့ရ်ှက ကော့ဆက်ဘဇား ရိုဟင်ဂျာစခန်းတွေ တဝိုက်မှာ လူဆိုးဂိုဏ်းတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူတွေ ရှိနေကြောင်း သြဂုတ်လ ၁၇ ရက်နေ့ AFP သတင်းမှာ ဖော်ပြလိုက်ပါတယ်။