သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-11
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာရှိတဲ့ မြစ်ဆုံ၊ ရွှေလှံ၊ သုခဒီပ၊ မြေစွန်းတော် စတဲ့ ရွာတွေထဲကို စက်တင်ဘာ ၁၀ ရက်မနေ့ကစပြီး စစ်ကောင်စီတပ်တွေ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံခြောက်ထောင် ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
2021-09-11
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်ကောင်စီ သတင်းပေးနေတဲ့ ဒလံဆိုပြီး စွပ်စွဲခံရသူ တစ်ဦးကို ရွှေဘို PDF အဖွဲ့တွေက စက်တင်ဘာ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ကာ ရွှေဘိုဆေးရုံကို ပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-11
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထရော်ကိုင်းကျေးရွာအုပ်စုက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ခင်ဦးတောကြီးမြွေဟောက်ဆိုတဲ့အဖွဲ့က စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-11
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းက MyTel ဆက်သွယ်ရေးကုမ္ပဏီရဲ့ တာဝါတိုင် ခုနစ်တိုင်ဟာ စက်တင်ဘာ ၁၀ ရက် မနေ့ညက ဖောက်ခွဲဖျက်ဆီးခံခဲ့ ရတယ်လို့ ခင်ဦး ဒေသခံတွေက ပြောပါတယ်။
2021-09-11
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ မောင်းရမ်းရွာက စစ်ကောင်စီကို သတင်းပေးနေတယ်လို့ စွပ်စွဲခံရသူ ဒေါ်ခင်မာဌေးဟာ စက်တင်ဘာ ၁၀ ရက် မနေ့ည ၇ နာရီခွဲခန့်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
2021-09-10
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်၊ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာ သိမ်းခဲ့ပြီးတဲ့နောက်၊ မြန်မာ့စစ်ကောင်စီကို ရုရှားက လက်နက်အမြောက်အမြား ရောင်းချခဲ့တဲ့ သတင်းတွေ အကျယ်အပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ရုရှားအစိုးရ ကလည်း မြန်မာ့ ဒုက္ခကို အရေးမထား၊ သူ့အတွက် အကျိုးရှိဖို့ကိုသာ ကြည့်တယ်ဆိုတာ ပေါ်ပေါ်ထင်ထင်ပဲ ပြသခဲ့တယ်လို့ The Diplomat သတင်းက ဆိုပါတယ်။
2021-09-10
စက်တင်ဘာလ ၉ ရက်နေ့က မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာမှာ စကစ တပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၆ နဲ့ ၂ဝ နှစ်အကြား လူငယ် ၁၄ ဦးနဲ့ လူကြီး ၃ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီလူငယ်တွေအနက် ၈ ဦးခန့်ဟာ အရှင်ဖမ်းမိပြီးမှ ဦးခေါင်းတွေကို အနီးကပ်ပြစ်သတ်ခံခဲ့ရတာဖြစ်ပြီး ကျန်သူတွေကတော့ လက်နက်ကြီးကျည်ဆံကျရောက်မှုကြောင့် ကိုယ်လက်အင်္ဂါ တွေ ပြတ်တောက် သေဆုံးနေတာကို တွေ့ရတယ်လို့ အဲဒီရွာကို မနေ့က သွားရောက်ရှင်းလင်းခဲ့တဲ့ ယော PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုဂျိုးဖြူက RFA ကို ပြောပါတယ်။
2021-09-10
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာမှာ စက်တင်ဘာလ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းက နေအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-10
ချင်းပြည်နယ် (မြောက်ပိုင်း) အိန္ဒိယနိုင်ငံနယ်စပ်အနီး ထန်တလန်မြို့နယ်ထဲက အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ လုံလဲရ်ကျေးရွာကို စက်တင်ဘာလ ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်က လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-10
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel ဆက်သွယ်ရေး တာဝါတိုင်တွေ ပစ်မှတ်ထားဖျက်ဆီးခံလာနေရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့အထိ ဖျက်ဆီးခံရတဲ့ တာဝါတိုင်ပေါင်း ၄၂ ခုအထိ ရှိခဲ့ပါတယ်။
2021-09-10
မြန်မာငွေစျေး စံချိန်တင်ကျဆင်းနေပြီး စက်တင်ဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာ တစ်ဒေါ်လာ ၁,၉၆၀ ကျပ်အထိဖြစ်ခဲ့သလို နေ့လည်ပိုင်းမှာ တစ်ဒေါ်လာကို ၂၀၂၀ ကျပ်အထိရှိလာပါတယ်။
2021-09-10
စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ်က ဂွစျေးအနီးတစ်ဝိုက်ကို စက်တင်ဘာလ ၁၀ ရက် ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်သားတွေ နေရာယူထားပြီး အိမ်ပေါ်တွေပေါ် အထိ တက်စစ်ဆေးတာ၊ အသွားအလာတွေကို စစ်ဆေးတာနဲ့ မျက်မြင်သက်သေလို့ ယူဆသူတွေကိုပါ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေသေးတယ်လို့ စမ်းချောင်းမြို့ခံတစ်ဦးက ပြောပါတယ်။
2021-09-10
ထိုင်းနိုင်ငံရောက် မြန်မာအတိုက်အခံနဲ့ ဒုက္ခသည်တွေကို အရေအတွက် အနည်း အကျဉ်းပဲ အချိန်အကန့်အသတ်နဲ့ လက်ခံသွားမယ့်အကြောင်း ထိုင်းအစိုးရက ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကို အသိပေးထားတယ်လို့ Asia News သတင်းမှာ ဒီကနေ့ဖေါ်ပြထားပါတယ်။
2021-09-10
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်း တောင်က ဝမ်ပေါင်နဲ့ယန်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းအတွက် သွယ်တန်း ထားတဲ့ ရေပိုက်လိုင်းတစ်ခု စက်တင်ဘာလ ၉ ရက် မနေ့ကညပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ကံကုန်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။
2021-09-10
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဖောင်တော်ဦးရပ်မှာရှိတဲ့ ရေစကြိုမြို့နယ်ရဲစခန်းကို စက်တင်ဘာလ ၉ ရက် မနေ့ည ၉ နာရီဝန်းကျင်လောက် မှာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ Fight For Justice Yesagyo (FFJ-YSO) တို့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖွဲ့ပေါင်းကြေညာချက် ထုတ်ပြန်ပါတယ်။