သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-11
ဘာသာပြန်၊ ဝတ္ထုတိုနဲ့ လုံးချင်းဝတ္ထုပေါင်းများစွာ ရေးသားခဲ့တဲ့ စာရေးဆရာကြီး နတ်နွယ်ဟာ ဒီကနေ့ မေလ ၁၁ ရက် မနက် ၁၁ နာရီက ရန်ကုန်တိုင်း မြောက်ဒဂုံ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
2011-05-11
တောင်ကိုရီးယားနိုင်ငံ အူးလ်ဆန်မြို့ အရှေ့ပိုင်း ပင်လယ်ပြင်မှာ ဆိုက်ထားတဲ့ ဓာတုပစ္စည်းတင် သင်္ဘောပေါ်က မြန်မာ သင်္ဘောသားတဦးဟာ မေ ၁၀ ရက် အင်္ဂါနေ့ အစောပိုင်းက သင်္ဘောပေါ်မှာ မူးလဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ကိုရီးယားနိုင်ငံက လာတဲ့ သတင်းတွေအရ သိရပါတယ်။
2011-05-11
မလေးရှားနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၉ ဦးနဲ့ ဒေသခံ ပွဲစားတဦးကို မလေးရှားနိုင်ငံ ပါလစ်ပြည်နယ် ကန်ဂါးမြို့ ဆေးရုံဝင်းအတွင်း ကားတစီးပေါ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး မလေးရှားအစိုးရ သတင်းဌာန Bernama က ရေးပါတယ်။
2011-05-11
လစာငွေ တိုးမြင့်ရေးအတွက် ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြနေကြတဲ့ ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့ အိုအေစစ် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက် အားလုံးကို အလုပ်ရှင်က လိုက်လျောပေးလိုက်ပြီလို့ အခုနောက်ဆုံး သတင်းရရှိပါတယ်။
2011-05-11
မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ် အတွင်းက ကူညီသူ ကင်းမဲ့နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တကျောင်း အတွက် မတည် ရံပုံငွေ အဖြစ် အလှူငွေ ကျပ်(၁၀) သိန်းကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပေးအပ် လှူဒါန်းလိုက်တယ်လို့ ကျောက်ပန်းတောင်း မြို့နယ် NLD စည်းရုံးရေး အဖွဲ့ဝင် ဦးအေးခိုင်က ပြောပါတယ်။
2011-05-11
ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ကျားသတ္တဝါတွေ ခိုအောင်း နေထိုင်တဲ့ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသမှာ စင်ကာပူနဲ့ ဂျပန် ကုမ္ပဏီတွေ ပေါင်းပြီး ရေနံ သဘာဝ ဓာတ်ငွေ့ စမ်းသပ် ရှာဖွေဖို့ မြန်မာ အစိုးရနဲ့ မေလ ၄ ရက်နေ့မှာ သဘောတူ လက်မှတ် ရေးထိုးလိုက်ကြ ပါတယ်။
2011-05-10
နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာရေး ထောက်ပံ့ ကူညီမှု အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က ရုံးချုပ်မှာ ဒီကနေ့နေ့လည်က ကျင်းပခဲ့ပါတယ်။
2011-05-10
မြန်မာလူငယ်တွေရဲ့ ပညာရည် တိုးတက် မြင့်မားစေဖို့အတွက် ပညာဒါန ဆိုပြီး၊ ရန်ကုန် သင်္ကန်းကျွန်း မြို့နယ် အတွင်းမှာ လူငယ်ကွန်ယက် တစ်ခုကနေ မကြာသေးခင်ကမှ ပြောင်းရွှေ့ ဖွင့်လှစ် သင်ကြားပေးနေတဲ့ ဗေဒါ သင်တန်းကျောင်းကို မြို့နယ် အာဏာပိုင်တွေက ကျောင်းမဖွင့်နိုင်အောင်
2011-05-10
ဧရာဝတီတိုင်း အတွင်း အင်းလုပ်ပိုင်ခွင့်များ ရောင်းချရာမှာ တကယ် အင်းလုပ်ငန်း လုပ်ကိုင်သူများက တိုက်ရိုက် မရရှိဘဲ တဆင့် ပြန်ဝယ်ယူနေရတဲ့ အတွက် ဒေသခံ လယ်သမားတွေ အတော့်ကို နစ်နာနေကြရတယ်လို့သိရပါတယ်။
2011-05-10
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလည် မစ္စတာ ဘီဂျေး နမ်ဘီးယားဟာ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း နဲ့ ဒီသတင်းပတ်ကုန်ပိုင်းလောက်မှာ တွေ့ဆုံ ဆွေးနွေးမယ်လို့မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတဦးက ပြောကြား လိုက်ပါတယ်။
2011-05-10
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ ဦးသိန်းစိန် အစိုးရ တောင်းဆိုထားတဲ့ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌနေရာ အပ်နှင်းရေး ကိစ္စကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတဲ့ အတွက် အခုနှစ် ကုန်ပိုင်းလောက်ကျမှ ဆုံးဖြတ်မယ်လို့ အာဆီယံ ခေါင်းဆောင်တွေက သံတမန်နည်းကျကျ ပြောဆိုခဲ့ကြပါတယ်။
2011-05-09
နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မေလ ၉ ရက် ဒီကနေ့ စတင်ကျင်းပနေတဲ့ Freedom Forum နိုင်ငံတကာ လွတ်မြောက်ရေး ညီလာခံ မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း ဆွေးနွေးနေပါတယ်။
2011-05-09
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတာဝန်ခံ သံမှူးကြီး မစ္စတာ လယ်ရီ ဒင်းဂါးဟာ မကွေးတိုင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီဝင်တွေနဲ့ မေလ ၉ ရက် ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-05-09
ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့အိုအေစစ် အထည်ချုပ်စက်ရုံက လစာငွေတိုးမြင့်ရေးအတွက် အလုပ်မဆင်းဘဲဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်က ငြင်းပယ်လိုက်ကြောင်းသိရပါတယ်။
2011-05-09
၂၀၁၄ ခုနှစ် အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ပေးဖို့ မြန်မာအစိုးရရဲ့ တောင်းဆိုချက်ကို စဉ်းစားပေးဖို့ အာဆီယံ ခေါင်းဆောင်တွေ မူအားဖြင့် သဘောတူညီခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ မနေ့က ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ အာဆီယံ ဥက္ကဌရဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။