သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်း ဒေသဖက်ကို ကုန်းလမ်း နဲ့ ရေကြောင်းတွေကနေ စက်သုံးဆီ သယ် ယူဆောင်ခွင့် ပိတ်ပင်ထားတာကြောင့် ဖါးကန့်ဒေသ မှာ လောင်စာဆီ အဆမတန် ဈေးနှှုန်း တွေကြီးမြင့်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။
2014-07-05
ပုဒ်မ ၄၃၆ ကိုပြင်ဆင်တဲ့ ဟောပြောပွဲတွေ ဟာ နိုင်ငံသားတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း သိရှိနားလည်အောင် လုပ်ဆောင်နေတာဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ ကူညီဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုဂျင်မီက ဒီကနေ့ တိုက်တွန်းပြောကြားပါတယ်။
2014-07-05
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ မနက်က ကျင်းပ ခဲ့ပါတယ်။
2014-07-05
မန္တလေးမြို့မှာ ဆူပူအကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်ဖို့ အတွက် သံဃာတော်တွေ စာရေး ဆရာတွေ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အပြင် နိုင်ငံရေးနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-07-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ က ခေါင်းဆောင်တွေဟာ PR ခေါ် အချိုးကျကိုယ် စားပြု ရွေးကောက်ပွဲစနစ် ပီအာကို လက်မခံကြောင်း ဒီကနေ့ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။
2014-07-05
မန္တလေးတိုင်းမြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနောက်ဆက်တွဲအနေနဲ့ ပုသိမ်ကြီးမြို့နယ်မှာလည်း မနေ့ညက စပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။
2014-07-04
မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်က လူငါးဦးကို ထပ်မံဖမ်းဆီးလိုက် တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ က RFA ကိုပြောပါတယ်။ ဇူလိုင်လ၁ရက်နေ့ညက စတင်ဖြစ် ပွားတဲ့ ဆူပူ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မနေ့ကအထိ ဖမ်းစီးထားသူ ၄ ဦးရှိပါတယ်။
2014-07-04
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေအပေါ်မှာထားတဲ့ ခံစားချက်တွေ ကို ရှေ့တန်းမတင်ကြဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဦးမောင်မောင်အုန်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-07-04
OIC လို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန်အဖြစ် မကြာသေး ခင်က ခန့်အပ်ခံထားရတဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ဆာယစ် ဟာမစ် အယ်လ်ဘား Syed Hamid Albar က မြန်မာနိုင်ငံနဲ့ အဆက်အသွယ် ပိုကောင်းအောင် ပထမဦးစားပေးလုပ်ငန်းအဖြစ် ကြိုးပမ်း သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
2014-07-04
ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တာ ကို ထောက်ခံကြိုဆိုကြောင်း မြန်မာ့တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-07-04
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်အရေးနဲ့ ပတ် သက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲ ခံထားရတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို ဒီနေ့ တာမွေမြို့နယ် တရားရုံးမှာ တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-07-03
မက္ကဆီကိုနိုင်ငံ Mexico City မှာ ကျင်းပခဲ့ တဲ့ EITI ခေါ် သဘာဝတွင်းထွက် သယံ ဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ရဲ့ ၂၇ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံကို အဖွဲ့ ဝင်လောင်းလျာ နိုင်ငံအဖြစ် လက်ခံ လိုက်ပါတယ်။
2014-07-03
ပြည်တွင်း ဒီမိုကရက်တစ်အင်အားစု ၅ ဖွဲ့ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖိတ်ကြားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုပေါ်ပေါက်ရေး တို့အတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့ မနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
2014-07-03
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မကွေး မြို့၊ အေးစေတီဘုရားဝင်းမှာ ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၄၃၆ ပြင် ဆင်ရေးဟောပြောပွဲ ကျင်းပခဲ့လို့ဆိုပြီး ဟောပြောပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူ ၁၁ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ မကွေးမြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
2014-07-03
တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီ အရေးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက်ပါတယ်။