သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-08
၂၁ ရာစုပင်လုံညီလာခံကိုအကြံပြုမယ့် CSO အရပ်ဘက်လူမူအဖွဲ့အစည်းတွေက တိုင်းနဲ့ပြည်နယ်က ဖိုရမ်တွေမှာ သူတို့ဆွေးနွေးမယ့် အကြောင်းအရာတွေကို အစိုးရအနေနဲ့ ဘောင်ခတ် သတ်မှတ်ခြင်း မပြုလုပ်ဖို့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2016-07-07
ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP က အစိုးရတပ် ဖမ်းဆီးထားတဲ့ အရပ်သား ၈ ဦး နဲ့ SSPP တပ်သား ၂၈ ဦး ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆို ထားတဲ့ စာတစ်စောင်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့ထားတယ်လို့ ပြောဆိုကြောင်း Business Standard သတင်းက ဖော်ပြပါတယ်။
2016-07-07
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် ဖိနှိပ်နေတာတွေ အဆုံးသတ်ဖို့ EU ဥရောပ ပါလီမန်က ကြာသပတေးနေ့က တိုက်တွန်းလိုက် ပါတယ်။
2016-07-07
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာကျေးရွာအုပ်စု မာလိန်ရွာမှာ အကြွေးမဆပ်နိုင်လို့ဆိုပြီး လယ်ပိုင်ရှင်က လယ်လုပ်သားရဲ့ ကလေး ၂ ယောက်ကို ခေါ်ယူနှိပ်စက်ခဲ့တဲ့ အမှုအတွက် လယ်ရှင်ကို တရားစွဲအရေးယူထားပေမယ့် အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သိရပါတယ်။
2016-07-07
၅၄ နှစ်ပြည့်ပြီဖြစ်တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်း သားတွေ သတ်ဖြတ်ခံရမှု နှစ်ပတ်လည် အဖြစ် ရန်ကုန်အပြင် မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့က သမဂ္ဂကျောင်းသားတွေကလည်း လှုပ်ရှားမှုတချို့ ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။
2016-07-07
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူခဲ့ရာမှာ ထုန်ပြန်ဖို့ ကျန်နေသေးတဲ့ ကိုးကွယ်မှုဘာသာ အလိုက် လူဦးရေစာရင်းကို လာမယ့် ဇူလိုင်လ ၂၁ ရက် မှာ ကြေညာသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ပြောပါတယ်။
2016-07-07
ရခိုင်ပြည်နယ်မှာ ရေကြီးတာကြောင့် ဘူးသီးတောင်မြို့မှာ မနေ့က လူတစ် ဦးသေဆုံးခဲ့ပြီး မင်းပြားမြို့နယ်က ကျေးရွာ အတော်များများဟာ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
2016-07-07
မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်ဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့စကားအတွက် အစိုးရနဲ့ NLD ပါတီက ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်းပန်ဖြေရှင်းခြင်း မပြုလုပ်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့စဉ်းစားထားတယ်လို့ မဘသ ဗဟိုက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-07-07
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ရောက် ရှိနေတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ စာသင်ကျောင်း ၁၆ ကျောင်းကို ပိတ်ထားရပါတယ်။
2016-07-07
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် အတွင်းက ဒေသခံ ၁၇ ဦးကို ရိက္ခာတွေ သယ်ဆောင်ပေးဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့တွေက ခေါ်ယူ သွားစဉ် လမ်းမှာ မိုင်းပေါက်ကွဲတာကြောင့် ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
2016-07-07
ဒီနေ့ကျရောက်တဲ့ 7 July ၅၄ နှစ်မြောက် နှစ်ပတ် လည် အမှတ်တရ အခမ်းအနားတွေကို ရန်ကုန် တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက် အဦဟောင်းနေရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က မနက်ပိုင်းနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) က ညနေပိုင်းမှာ ကျင်းပခဲ့ကြပါတယ်။
2016-07-06
၂၀၁၅ ခုနှစ် မနှစ်က မြန်မာ နဲ့ ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၈ ဘီလျံ နီးပါးရှိခဲ့ပြီး၊ လာမယ့်နှစ်မှာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဘီလျံကနေ ၁၂ ဘီလျံကြားတိုးမြှင့်ဖို့ ရည်မှန်းထားကြောင်း ထိုင်းကုန် သွယ်ရေးဝန်ကြီးက ပြောပါတယ်။
2016-07-06
မြန်မာနိုင်ငံမှာ ပြသခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ထိုင်းနိုင်ငံ မှာလည်း ပိတ်ပင်လိုက်ပါတယ်။
2016-07-06
ပညာရေးဝန်ကြီးဌာနက ကျောင်းပြင်ပ ပညာရေးအစီအစဉ်အတွက် ငွေကျပ် သန်းပေါင်း တစ်ထောင်သုံးစွဲပြီး လက်ရှိ ပညာသင်နှစ်မှာ ဒလမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ လွိုင်ကော် မြို့နယ်နဲ့ စစ်တွေမြို့နယ်တို့မှာ စတင်အကောင်အထည်ဖော် သွားမယ်လို့ ကျောင်းပြင်ပပညာရေး ဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင် က ပြောပါတယ်။
2016-07-06
တပ်မတော်က သိမ်းဆည်းထားတဲ့ လယ် ယာမြေဧက ၄ထောင်ကျော် ပြန်လည်ရရှိဖို့ အတွက် တောင်သူ ၃၀ လောက်က ဒီနေ့ ပဲခူးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။