သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-05-01
မြန်မာစစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်သူအသီးသီး အနေနဲ့ ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးတွေကို ဆက်လက် သက်တမ်းတိုးဖို့ အာဆီယံဥက္ကဌ မလေးရှား ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။
2025-05-01
ပြည်တွင်းအခြေစိုက် မြေလတ်အသံသတင်းဌာနက သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ငါးနှစ်ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချ ကြောင်း လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA) က ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
2025-05-01
ရခိုင်ပြည်နယ်က အငတ်ဘေးကြုံနေရသူတွေထံ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကတဆင့် ကုလသမဂ္ဂ အကူအညီပေးရေးစင်္ကြန်ဖွင့်ဖို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ် အစိုးရက လက်ခံလိုက်ပါတယ်။
2025-05-01
ငလျင်သင့်ပြီးချိန် လေယာဉ်ဆီကို တစ်လွဲအသုံးပြုပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း ၂၂၅ ကြိမ်အထိ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီဟာ နျူကလီးယားစွမ်းအင်ကိုလည်း အလွဲသုံးစား ပြုလုပ်ဦးမှာ ဖြစ်ကြောင်းတွေကို ဦးကျော်မိုးထွန်းက အစည်းအဝေးမှာ တင်ပြခဲ့ ပါတယ်။
2025-04-30
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ။
2025-04-30
မန္တလေးတိုင်း အင်းဝဒေသမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုအနက် ၆၁၄ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။
2025-04-30
သီပေါမြို့နယ် နားနန်း၊ နားတော်၊ ခိုနန်းဖ၊ တင်းဟိုင်း၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ စတဲ့နေရာတွေမှာ စစ်ရေးတင်းမာနေပါတယ်။
2025-04-30
ပဲခူးတိုင်း တောင်ငူခရိုင် မူးမြို့နယ်မှာ ဧပြီလ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားလေးဦးသေဆုံးပြီး နောက်ထပ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုး သားအစည်း အရုံး (KNU) က ဧပြီလ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
2025-04-30
နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံး၊ ဌာနအဆောက်အဦတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို တာဝန်ပေးသွားမယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။
2025-04-30
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ။
2025-04-29
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က မြေလတ်အသံသတင်းဌာန သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ဧပြီလ ပထမပတ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ငါးနှစ်ချမှတ် လိုက်တယ်လို့ မြေလတ်အသံ အယ်ဒီတာချုပ် ဆလိုင်းကောင်းမြတ်မင်းက RFA ကို ဒီနေ့ပြောပါတယ်။
2025-04-29
ငလျင်လှုပ်ခတ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၅ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၂၅ ကြိမ်ရှိခဲ့ပါတယ်။
2025-04-29
လိပ်ကုလား ၊ စံဒွန်းကုန်း၊ ကွမ်းဆိပ်၊ ကျုံချောင်၊ ညောင်ခြေထောက်၊ ဝင်းကံ၊ ရှမ်းစု စတဲ့ ကျေးရွာ ခုနစ်ရွာက အိမ်ထောင်စု ၈၅၅ စု က လူ ၄၁၉၆ ဦးမှာ တိမ်းရှောင်နေရတာပါ။
2025-04-28
ငလျင်ဘေးနောက်ဆက်တွဲနှင့် ထူးခြားမြန်မာသတင်းများ။
2025-04-28
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ နဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး နောက်ထပ် တင်းကျပ်တဲ့စီမံချက်တွေ ချမှတ်ဖို့ လည်း EU က အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။