သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-29
ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် စိန့်နီကောလပ်စ် ကက်သလစ် ဘုရားကျောင်းအပါအဝင် အိမ်ပေါင်း ၉၆ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ထန်တလန် နေရာချထားရေးကော်မတီ (Thantlang Placement Affairs Committee - IDPs help) က ထုတ်ပြန်ထားပါတယ်။
2021-11-29
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်အနီး ဂမုန်းပွင့်ကုန်တိုက်မှာ မင်္ဂလာဒုံနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေက (ဗကသများအဖွဲ့ချုပ်) ကျောင်းသားတွေဟာ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက်မှာ လူထုဒေါ်အမာ ၁၀၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-11-29
မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူဖို့ အာဂျင်တီးနားနိုင်ငံ တရားရုံးက လက်ခံ လိုက်ပြီလို့ နိုဝင်ဘာ ၂၈ ရက်နေ့က ဗြိတိန်အခြေစိုက် BROUK (Burmese Rohingya Organization UK) က ထုတ် ပြန်လိုက်ပါတယ်။
2021-11-28
ထိုင်းနိုင်ငံမှာ အဓမ္မပြုကျင့်ပြီး မီးရှို့အသတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား မမြင့်မြင့်ခိုင်အတွက် တရားမျှတမှု ရရှိဖို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2021-11-28
အဖမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေအတွက် ပထမဆုံး စီရင်ချက်ချတာကို မနက်ဖြန် အင်္ဂါနေ့မှာ ကြုံရနိုင်ဖွယ်ရှိတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
2021-11-28
ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာ ၂၇ ရက် မနေ့ညနေပိုင်းက သုံးလအတွင်း ကိုးကြိမ်မြောက်အဖြစ် မီးလောင်ကျွမ်းခဲ့ရာ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း မီးထဲပါသွားတယ်လို့ ဒေသတွင်း မီဒီယာဖြစ်တဲ့ Chin News Journal က ဖော်ပြထားပါတယ်။
2021-11-28
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီမှာ စစ်ကောင်စီ တပ်တွေက လေကြောင်းကနေ စစ်ရဟတ်ယာဉ်တွေ အသုံးပြု ပြီး တိုက်ခိုက်လို့ ရွာသား ၂၀ လောက် သေဆုံးတယ် လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-28
ထားဝယ်တက္ကသိုလ်က ကျောင်းသား ကိုဇင်လင်းဦးနဲ့ သူငယ်ချင်း လေးယောက်ကို နိုဝင်ဘာ ၂၇ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး သွားတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
2021-11-28
ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF တို့ရဲ့ တိုက်ပွဲတွေအတွင်း မတူပီမြို့နယ်မှာ ကုန်ကားတွေကို စစ်ကောင်စီ တပ်တွေက လမ်းရှင်းရာမှာ အသုံးချနေကြတယ်လို့ မတူပီ CDF တာဝန်ရှိသူ တစ်ယောက် ပြောပါတယ်။
2021-11-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ဟာ စစ်ကောင်စီလက်ထဲက ပြန်လွတ်ပြီး တစ်လကျော်အကြာ ဒီနေ့ နိုဝင်ဘာလ ၂၈ ရက် မနက် ၆ နာရီခွဲမှာ ကွယ်လွန်သွားပါတယ်။
2021-11-28
ထိုင်းအစိုးရက နိုင်ငံရဲ့ လုပ်သားလိုအပ်ချက်တွေကြောင့် နှစ်နိုင်ငံသဘောတူ စာ ချွန်လွှာ MOU စနစ်နဲ့ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို စတဲ့ သုံးနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး လက်ခံဖို့ ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွန်မ်ကလင်က နိုဝင်ဘာလ ၂၆ ရက်နေ့က ထပ်မံအတည်ပြုလိုက်ပါတယ်။
2021-11-27
စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းက အောင်မြေမာန် ရပ်ကွက်မှာ နေထိုင်တဲ့ ကိုချစ်ဖူးကို နေအိမ်မှာမတွေ့လို့ ဖခင်ဖြစ်သူ ဦးမောင်ညွန့် (၆၄) နှစ်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2021-11-27
မြန်မာပြည်မှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်ရှိလာနိုင်တဲ့အတွက် အကြမ်းဖက်မှု တွေ ချက်ချင်းရပ်ဖို့ အမေရိကန် အပါအဝင်ကမ္ဘာ့ထိပ်သီး ၇ နိုင်ငံက စစ်ကောင်စီကို မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြီး ထပ်မံတိုက်တွန်းလိုက်ပါတယ်။
2021-11-27
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် သာယာအေးရွာမှာ နိုဝင်ဘာ ၂၃ ရက်က နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် မိသားစုဝင် ငါးယောက် သတ်ခံခဲ့ရတာဟာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့ လက်ချက်ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ မှားနေတယ်လို့ PDF တွေက ပြောပါတယ်။
2021-11-27
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဇလပ်ရပ်ကွက်က မြို့နယ်ပညာရေးမှူးရုံးမှာ နိုဝင်ဘာလ ၂၇ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။