သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-30
ရှမ်းပြည်နယ် လင်းခေးမြို့နယ် ဝမ်ဆလောင်းကျေးရွာနားမှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အစိုးရ သစ်တောအရာရှိ ၄ ဦးသေဆုံးသွားကြောင်း သစ်တောဦးစီး ဌာနက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2014-12-30
NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြော ကြားလိုက်ပါတယ်။ ရန်ကုန်မြို့ NLD ပါတီရုံးချုပ် မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး မေးခွန်းတွေ ကို ဖြေကြားရာမှာ ရွေးကောက်ပွဲဝင်ရေးကိစ္စ ဆုံးဖြတ် ဖို့ စောလွန်းနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။
2014-12-30
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ နယ်လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးက ဆည်တည်းရွာမြောက်ဘက်မှာ မနေ့ညက စတင်ဖွင့်ထားတဲ့ သပိတ်စခန်းကို ဖျက်သိမ်းပေး ဖို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့ပါတယ်။
2014-12-30
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးနား အထိ လမ်းလျှောက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့ တဲ့ နော်အုန်းလှ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ဒေါ် စိန်ထွေးတို့ကို ဒဂုံမြို့နယ်ရဲစခန်းက ဒီနေ့ ဖမ်းဆီး ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မ ၆ ခုနဲ့ တရားစွဲလိုက်ပါတယ်။
2014-12-29
အသိမ်းခံထားရတဲ့ မြေယာတွေ ပြန်လည် ရရှိရေးအတွက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံတွေ ဟာ ဆည်တဲကျေးရွာမြောက်ဘက် ဝမ်ပေါင် စီမံကိန်း ဧရိယာ သံဆူးကြိုးဘေးမှာ မနေ့ညက သပိတ်စခန်းဖွင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
2014-12-29
အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ အပတ်စဉ်ထုတ် Tomorrow ဂျာနယ်က မန်နေးဂျင်း အယ်ဒီတာနဲ့ သတင်းထောက်တစ်ဦးကို တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးပြီး တစ်ဦးကို ငွေကျပ် သိန်း ၅၀ စီနဲ့ အာမခံပေးလိုက်ပါတယ်။
2014-12-29
တစ်နိုင်ငံလုံးက တက္ကသိုလ်အသီးသီး မှာကျင်းပမယ့် တက္ကသိုလ်ကျောင်းသား ယူနီယံ ရွေးကောက်ပွဲတွေကို တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ကန့်ကွက်ကြောင်း ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2014-12-29
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မနဲ့ တရားစွဲ ခံထားရတဲ့ အစ္စလာမ် ဘာသာဝင် ၂၀ ဦးအမှုကို လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်တင် ဖို့ တောင်ကြီးခရိုင် တရားသူကြီးက ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
2014-12-29
မြန်မာဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီအနေနဲ့ လက်ပံတောင်းဒေသခံ တောင်သူအများစု စိတ်ကျေ နပ်အောင် ဆောင်ရွက်ပေးထားပေမဲ့ နောက်ကွယ် ကနေ စည်းရုံးသွေးထိုးပေးနေသူတွေကြောင့် အခုလို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေရတာဖြစ်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-12-29
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်ပြည်လုံးမှာ ရှိတဲ့အထဲက မြို့ပေါင်း ၃၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။
2014-12-29
ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီအဆင့်ဆင့်ရွေးကောက်ပွဲမှာ ရွေးချယ်ခံရသူ ကိုယ်စား လှယ်လောင်း ၁၁၅ ဦးစာရင်းကို ဒီနေ့ မြို့တော်ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2014-12-29
ကချင်ပြည်နယ် ချီဖွေမြို့နယ် လဂွေကျေးရွာ ရဲ့အရှေ့မြောက်ဘက် ၄ မိုင်လောက်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံတပ်တွေနဲ့ မနေ့နေ့လယ်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2014-12-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအဖြစ် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ လယ်ယာမြေတွေ ထဲက လျော်ကြေးမယူထားတဲ့ ဆည်တဲရွာမြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဖြိုဖျက်ပြီး ဒီညအထိ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောပါတယ်။
2014-12-29
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ်ကုမ္ပဏီတစ်ခုက အကောင် အထည်ဖော်နေတဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၃ ထောင်ကျော်လောက်က တောင် ကုတ်မြို့မှာ မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-12-28
မြန်မာနိုင်ငံကို အလယ်ပိုင်းကနေဖြတ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ချိတ်ဆက် မယ့်လမ်း တစ်လမ်း ဖောက်လုပ်ဖို့ ဘဂ်လားဒေရှ်နိုင်ငံက အဆိုပြုတာကို တရုတ်နိုင်ငံက ထောက်ခံလိုက်ပါတယ်။