သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-18
ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိ သုခကျောင်းတိုက် ချိပ်ပိတ်သိမ်းယူထားတဲ့ကိစ္စနဲ့ ပီနန်ဆရာတော်ဘုရားကြီးရဲ့ လူဝတ်လဲဖမ်းဆီးခံထား ရတဲ့ တပည့်သံဃာ ၅ ပါးရဲ့ အရေး ကိစ္စတွေအပေါ် အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုချက် စာတစ်စောင်ကို မန္တလေးကျောင်းတိုက်တွေက တာဝန်ခံဆရာတော် ၂၅ ပါးက လက်မှတ်ထိုးရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
2014-06-18
ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်း ထားတဲ့ မြေယာဧက သောင်းဂဏန်းနီးပါးထဲက လျော်ကြေး မပေးရသေးတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ ရန်ကုန်မြို့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆို ခဲ့တဲ့ တောင်သူ ၁၆ ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။
2014-06-18
ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံ စာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ရေးဆွဲတင်သွင်း ခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-06-18
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ စိုးရိမ်တုန်လှုပ်စရာကောင်းတဲ့ ဆင်းရဲ ဒုက္ခတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် တို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင် ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် Kyung -wha Kang က ပြောကြားလိုက်ပါတယ်။
2014-06-18
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရတဲ့ အင်္ဂလန်နိုင်ငံသား ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးက ဥပဒေကြောင်းအရ ခုခံနိုင်ဖို့ အကူအညီပေး သွားမယ်လို့ ဗြိတိသျှသံရုံး တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။
2014-06-18
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနား မြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဆိုပြီး မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားကို အမှတ် ၂ ရဲစခန်းက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
2014-06-18
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေး ဖို့ တောင်းဆိုတဲ့စာရွက်တွေ လိုက်ဝေခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှား မှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွေမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-06-18
ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ ပဋိပ က္ခဖြစ်နေတဲ့ဒေသအတွင်း လိင်အကြမ်း ဖက်မှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာ တိုင်းရင်းသားအမျိုးသမီး အဖွဲ့ တချို့ရဲ့ ကိုယ်စားလှယ်တွေက ပဋိပက္ခတွေနဲ့ဆက်နွယ် ပြီးဖြစ်လာတဲ့ မြန်မာနိုင်ငံတွင်းက အမျိုးသမီးထု ကြုံတွေ့ ရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေနဲ့လုံခြုံမှုကင်းမဲ့ ပုံတွေအကြောင်း ရှင်းလင်းပြောပြတဲ့ အစည်းဝေးတခုကို မနေ့ညနေပိုင်းက ဗြိတိသျှလွတ်တော်ရှိ ခန်းမဆောင်တခုမှာ ကျင်းပခဲ့ပါတယ်။
2014-06-17
မြန်မာနိုင်ငံမှာ အခုဘဏ္ဍာရေးနှစ်အတွင်း စီးပွါးရေးတိုးတက်နှုန်း ၈ ဒသမ ၅ ရာ ခိုင်နှုန်းထိ ရောက်သွား နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ IMF ကပြော လိုက်ပါတယ်။ အရင်က ၇ ဒသမ ၇ ရာခိုင်နှုန်းတိုးတက် မယ်လို့ခန့်မှန်းပြောဆိုထားရာကနေ ပိုပြီးတိုးတက်မယ့် အကြောင်းပြောလိုက်တာပါ။
2014-06-17
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေရဲ့ သဘောတူညီချက်ရယူနိုင်ဖို့၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပသွားဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်များ အစည်းအဝေးကနေ ဆုံးဖြတ် လိုက်ကြပါတယ်။
2014-06-17
ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်က ဆရာတော် ဦးဥတ္တရ(အင်္ဂလန်) နဲ့ သံဃာ ၄ ပါးအတွက် မြန် မာနိုင်ငံ ရှေ့နေများကွန်ရက်က ရှေ့နေလိုက်ပေးမယ်လို့ သိရပါတယ်။
2014-06-17
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မှာ ဗဟိုသမဝါယမသင်တန်းကျောင်း ဖွင့် ဖို့ဆိုပြီး အသိမ်းခံထားရတဲ့ လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေ ဧကစုစုပေါင်း ၄၀၀ ကျော်ထဲက ရာနဲ့ချီ တဲ့ မြေနေရာတွေမှာ လယ်သမားတွေက သူတို့ပိုင် ဆိုင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ဒီနေ့ တိုင်တွေစိုက်ထူ လိုက်ကြပါတယ်။
2014-06-17
တချိန်က ဒီမိုကရေစီအရေးမှာ ပါဝင်ခဲ့ ကြသူတွေ အနေနဲ့ ဒီမိုကရေစီခရီး ဆုံးခန်းတိုင်တဲ့အထိ ဆက်လက်ကြိုးပမ်းကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျင်းပတဲ့ သူ့ရဲ့ ၆၉ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-06-17
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေး ဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာချိန် သင်္ဃန်းကျွန်း၊ အရှေ့ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်က ဒေသခံ ၃၀ ကျော်လောက်က ကိုထင်ကျော်နဲ့ အဖွဲ့ဝင် ၂ ဦးကို လွှတ်ပေးဖို့ တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-06-17
ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ပြည်သူအကျိုးပြု လုပ်ငန်းတွေ လုပ်တဲ့အခါမှာ မှန်မှန် ကန်ကန်နဲ့ အရည်အသွေးပြည့်မီပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ပေးကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းပြောကြားပါတယ်။