သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-08
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာနဲ့ ကြံခင်းကျေးရွာမှာ စစ်တွေမြို့ အခြေစိုက် အမှတ်-၉၀၈၊ စစ်မြေပြင်အင်ဂျင် နီယာတပ်ရင်းကသိမ်းဆည်းထားတဲ့ စားကျက်မြေဧက ၁၁၀ ကို ပြန်လည်စွန့်လွှတ်ပေးဖို့အတွက် ပြည်ထောင်စု လွှတ်တော်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တောင်သူ ၃၀၀ ကျော် က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
2017-05-08
သဘာ၀ ဘေးအန္တရာယ်ဖြစ်ပွားမှု မြင့်တက် လာတာကြောင့် ကြက်ခြေနီအသင်းအနေနဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနဲ့ တုန့်ပြန်ရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ကြဖို့ နိုင်ငံတော် သမ္မတဦးထင်ကျော် က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2017-05-07
ပြီးခဲ့တဲ့ နှစ် သြဂုတ်လက လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ ဘုရားစေတီပေါင်း ၃၈၉ ဆူထဲက ၂၄၉ ဆူကို ပြုပြင်ပြီးစီးခဲ့ကြောင်း သိရပါတယ်။
2017-05-07
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် WNO ဝ အမျိုးသားအဖွဲ့ချုပ်ဟာ နိုင်ငံရေး စစ်ရေး အပြောင်းအလဲတွေကြောင့် မဟာမိတ်အဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ အကြပ်အတည်းဖြစ်လာ တဲ့အတွက် UNFC အဖွဲ့ဝင် အဖြစ်က နှုတ်ထွက်ခွင့်ပေးဖို့ အင်တာနက်အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ စာဟာ ဟုတ် မှန်ကြောင်း WNO အတွင်းရေးမှူး (၁) ဗိုလ်မှူး တာ့ညီလူ က အတည်ပြု ပြောဆိုပါတယ်။
2017-05-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပေါ် စွပ်စွဲပြောဆိုချက်ကို ကန့်ကွက် ရှုတ်ချကြောင်း ကြံ့ခိုင်ရေးပါတီက သဘောထားကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။
2017-05-07
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က မွန်ပြည်နယ်အစိုးရအတွက် ဘတ်ဂျက် ကျပ်ငွေ ၈၆ ဘီလီယံ ရရှိထားပြီး အဲဒီအထဲ က ၁၅ ဘီလီယံကို မော်လမြိုင်မြို့ လျှပ်စစ် မီးရရှိရေးနဲ့ လမ်းခင်းတာတွေ ဦးစားပေးဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။
2017-05-07
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ လာမယ့် မေလ ၈ ရက်နေ့မှာ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2017-05-07
မြောက်ဦးမြို့မှာ ရခိုင့်တပ်မတော် AA ၈ နှစ်ပြည့်အထိမ်းအမှတ် ဘောလုံးပွဲကို ဦးဆောင် ကျင်းပတဲ့အတွက် ဖမ်းဆီးခံ ထားရတဲ့ မြတန်ဆောင်းဆရာတော်အမှုနဲ့ ဆက်နွယ် ပြီး မြောက်ဦးမြို့ခံ တစ်ဦးကို တပ်မတော်က မြောက်ဦး မြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
2017-05-07
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက လက်ရှိတိုင်း အစိုးရကို လွှဲပြောင်းပေးဖို့ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ငွေပမာဏကို အတည်မပြုနိုင်သေးကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှု နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။
2017-05-06
နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှုတ် ထွက်မယ်ဆိုတဲ့ သတင်းအမှားကို ထုတ် လွှင့်ဖြန့်ချိခဲ့သူတွေကို ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ အရေးယူပေးဖို့ နေပြည်တော် အမှတ် ၁ မြို့မရဲစခန်းမှာ CID က တရားလိုလုပ်ပြီး အမှုဖွင့်တိုင်ကြား ထားပါတယ်။
2017-05-06
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၉ မြို့နယ်မှာ မနေ့က လေပြင်းတိုက် ခတ်သွားခဲ့တဲ့အတွက် နေအိမ် စုစုပေါင်း ၂ဝဝ နီးပါး ပျက်စီးသွားပြီး ကလေးငယ်တစ်ဦး သေဆုံးကာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ပြောပါတယ်။
2017-05-06
နေပြည်တော်ကောင်စီနယ်မြေက ပုဗ္ဗသီရိနဲ့ တပ်ကုန်းကို ဆက်သွယ်ထားတဲ့ ကျပ်သန်း ၁၅ဝဝ ကျော် တန်ဖိုးရှိ အမှတ် ၃ လမ်းပိုင်းကို ခင်းရာမှာ အရည်အသွေး မပြည့်မီတဲ့အတွက် ပြန်ခင်းပေး ဖို့အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
2017-05-06
မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ အထက် ပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ရှိနေတာကြောင့် မေလ ဒုတိယပတ် အထိ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးရွာတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
2017-05-06
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအ တွက် နောက်ဆုံးအယူခံမှာထည့်သွင်းဖို့ ဥပဒေဆိုင်ရာ အကြံပြုချက်တွေကို မြန်မာ ဥပဒေအကြံပေးအဖွဲ့က ထိုင်းရှေ့နေများကောင်စီကို မနေ့ က ပေးပို့လိုက်ပါတယ်။
2017-05-06
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့က အမျိုးသားရေး ဝါဒီ ခေါင်းဆောင် ဦးဝီရသူနဲ့ သံဃာ ၁ဝ ပါးကို ရခိုင်ပြည်နယ်မြောက်ပိုင်း က မောင်တောမြို့နယ်မှာရှိတဲ့ တိုင်းရင်းသား ရခိုင်ကျေး ရွာတွေက ရွာသားတွေက မနေ့က ကြိုဆိုကြပါတယ်။