သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-23
ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် မြန်မာအာဏာပိုင်တွေက တရားစွဲထားတာတွေကို ပြန်ရုပ်သိမ်းပြီး ချက်ချင်းပြန်လွှတ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် ပြည်တွင်းပြည်ပက လူ့အခွင့်အရေးအဖွဲ့ ၁ဝ ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပူးတွဲတောင်းဆိုလိုက်ပါတယ်။
2020-11-22
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် မနေ့ညက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ် ခံရတာဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး လေ့လာသူတွေက ကန့်ကွက်ရှုတ်ချနေကြပါတယ်။
2020-11-21
ဒီနေ့ည ခြောက်နာရီလောက်က နေအိမ်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ကုန်စုံဆိုင်မှာရှိနေချိန် သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို သေနတ်ကျဉ်ဆံထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2020-11-21
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နှုန်းမြင့်တက်လာနိုင်တဲ့ အခြေအနေရှိတာကြောင့် ပြန့်ပွားနှုန်းတဲ့နေရာတွေကို အိမ်ပြင်မထွက်ပဲနေကြဖို့ Stay At Home ကြေညာမှာဖြစ်ပြီး ကူးစက်နှုန်းလျော့ကျသွားတဲ့နေရာတွေကိုတော့ ဖြေလျော့ပေးတာတွေ လုပ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောလိုက်ပါတယ်။
2020-11-21
ကယားပြည်နယ်ထဲမှာ ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း တချို့က ဒေသဖွံ့ဖြိုးရေးတွေကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
2020-11-20
တချိန်က ဝန်ထမ်းသက်သာအတွက် မကွေးတိုင်းအစိုးရ ဌာနဝင်း အတွင်းမှာ မြေနေရာပေးပြီး အဆောက်အဦးနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို အငှားချထားတာတွေ ရှိပါတယ်။ အခုအခါမှာတော့ ဌာနဆိုင်ရာ မျက်နှာစာဥပဒေနဲ့ ဖယ်ရှားတာတွေ မကွေးမြို့မှာ စတင်ဆောင်ရွက်လာတာ တွေ့ရပါတယ်။
2020-11-20
၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အငြင်းပွားနေတဲ့ ကိစ္စတွေကို ကော်မရှင်က ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို စောင့်ကြည့်နေပြီး သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး USDP ပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောလိုက်ပါတယ်။
2020-11-20
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်နဲ့နှိုင်းယှဉ်ရင် တိုင်းဒေသကြီးတွေမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ပြည်နယ်တွေမှာ ပိုပြီးအနိုင်ရရှိခဲ့ပါတယ်။
2020-11-20
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ မြန်မာနိုင်ငံမှာ အယောက် ၇ သောင်းကျော်ရှိနေပါပြီ။ သေဆုံးသူက ၁၆၀၀ ကျော် ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ ပိုပြန့်ပြီး ကူးစက်နိုင်တဲ့ ဆောင်းရာသီကို ရောက်တော့မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားတာ၊ လူစုလူဝေးလုပ်တာတွေကို ရှောင်ပြီး အိမ်မှာသာနေကြဖို့ နိုဝင်ဘာ ၁၉ ရက်မှာ ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။
2020-11-20
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက မွန်ပြည်နယ်လွှတ်တော်မှာ စည်ပင်သာယာရေး ဥပဒေကို ပြဌာန်းထားခဲ့ပေမယ့် ဥပဒေအရ ကျင်းပပေးရမယ့် စည်ပင်ရွေးကောက်ပွဲကို အစိုးရက မကျင်းပပေးနိုင်သေးလို့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရမယ့် စည်ပင်သာယာရေးကော်မတီကို ဒီနေ့အထိ ဖွဲ့ စည်းနိုင်ခြင်း မရှိသေးပါဘူး။
2020-11-19
ချင်းပြည်နယ် ပလက်ဝမြို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ရင် လူထုအသံပျောက်ပြီး ငြိမ်းချမ်းရေး ဝေးသွားနိုင်သလို စစ်ဘောင်တွေလည်း ပိုကျယ်လာနိုင်တာမို့ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာကို ကျေးဇူးတင်ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က နိုဝင်ဘာလ ၁၉ ရက်နေ့ မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
2020-11-19
ကိုဗစ်ကပ်ရောဂါကာလအတွင်း လက်မှုထွက်ကုန် စီးပွားရေးလုပ်ငန်းတွေ ဘဝရပ်တည်ရေးအတွက် အခက်ကြုံနေကြရပါတယ်။ အဲဒီထဲမှာ ရိုးရာပုသိမ်ထီး လုပ်ငန်းလည်း ပါ၀င်ပါတယ်။
2020-11-19
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးနိုင်ရေးအတွက် မလိုအပ်ရင် အိမ်ပြင်မထွက်ဘဲ နေအိမ်မှာ အတတ်နိုင်ဆုံးနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
2020-11-19
ရခိုင်စစ်ပွဲတွေရပ်ဖို့ စတစ်ကာကမ်ပိန်းလုပ်ခဲ့တဲ့ ကျောင်းသား နှစ်ယောက်ကို ပေါင်းတည်တရားရုံးက မနေ့က ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်ပါတယ်။ အမိန့်ချမှတ်ချိန်ဟာ ရှေ့နေနဲ့မိသားစုတွေအပါအဝင် အများမြင်သာအောင်မဟုတ်ဘဲ မျက်ကွယ်အမိန့်ချသလို ဖြစ်နေတယ်လို့လည်း ဝေဖန်နေတာတွေရှိပါတယ်။
2020-11-19
ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့တို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းရော၊ ရေလမ်းကြောင်းမှာပါ တပ်မတော်နဲ့ အေအေ တို့ရဲ့ တိုက်ပွဲတွေ ကြောင့် သွားလို့မရတာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်လို့ အခက်အခဲကြုံနေရတဲ့ ဒေသခံပြည်သူတွေနဲ့ ဒေသခံရဟန်း သံယာတွေက လမ်းကြောင်းပြန်ဖွင့်ပေးဖို့ တောင်းဆိုနေပါတယ်။