သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-10
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ရွာအနီး RCSS နဲ့ SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့တို့ အကြားတိုက်ပွဲတွေကြောင့် ဒီနေ့အထိ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၁၄၀၀ ကျော်ရှိနေပြီး နေထိုင်ရေးနဲ့ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2021-11-10
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲမှာ စစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုတဲ့အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်မှာ အိမ်တွေမီးရှို့ဖျက်ဆီးတာကြောင့် ရွာပေါင်း ၅၀ လောက်က လူဦးရေ လေးသောင်းလောက် ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။
2021-11-10
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်ပေါ် ကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-10
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း (အောက်လမ်း) နဲ့ ကမ်းနားလမ်း ထောင့် ဒလတံတား စီမံကိန်းအနီးမှာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်က အိမ်စီးကားတစ်စီးကနေ အနည်းဆုံး ပေါက်ကွဲမှု လေးကြိမ် ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ပြောပါတယ်။
2021-11-10
စစ်ကိုင်တိုင်း၊ ကျွန်းလှမြို့နယ်၊ ကိုင်းဝန်းရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (USDP) ပါတီဝင် ဦးဝင်းငွေ ဟာ စစ်ကောင်စီသတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမည်မသိ လူတစ်စုက နိုဝင်ဘာ ၉ ရက်မနေ့က ဖမ်းဆီး သတ်ဖြတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-10
နိုင်ငံခြားငွေလဲလှယ် ရောင်းချရာမှာ ဗဟိုဘဏ်သတ်မှတ်ဈေးရဲ့ ± ဝ.၅ % အတွင်း မှာသာ ဆောင်ရွက်ဖို့ ဗဟိုဘဏ်က ညွှန်ကြားပြီးနောက်မှာ အမေရိကန်ဒေါ်လာ ဈေးဟာ တစ်ရက်အတွင်း ၂၀၀ ကျပ်အထိ ကျဆင်းသွားတာကို ငွေလဲလှယ်ရေး လုပ်ငန်းတွေကနေ သိရပါတယ်။
2021-11-10
ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဋ္ဌ မသီရိမိုးရဲ့ မိခင်နဲ့ ညီမ ဖြစ်သူတို့ကို နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းက ထားဝယ်မြို့က နေအိမ်မှာ ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။
2021-11-10
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်မြေ ခမောင်းဆိပ်ရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂၀၀၀ လောက်မှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ရက္ခိုင့်တပ်တော် (AA)နဲ့ ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ ARSA အဖွဲ့နဲ့ ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2021-11-10
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ နိုဝင်ဘာလ ၉ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေ တစ်နေကုန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF ဘက်က ငါးယောက် သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။
2021-11-09
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့က သူ့ရဲ့နေအိမ်ကနေ စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီး ခေါ်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ မဟုတ်မှန်ကြောင်း ကာယကံရှင်ဖြစ်သူ ဦးရဲထွဋ်က RFA ကို ဒီနေ့မနက်က ပြောပါတယ်။
2021-11-09
ထိုင်းနိုင်ငံမှာ အလုပ်သမားရှားပါးမှု ပြဿနာကို သက်သာစေဖို့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေကို လက်ခံရေးနယ်စပ်တွေကို ပြန်ဖွင့်ဖို့ ထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ အစိုးရအရာရှိ တစ်ဦးက မနေ့က ပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
2021-11-09
ငါးလကျော် အကျဉ်းချခံနေရပြီး ပုဒ်မ ၃ ခုနဲ့ အရေးယူခံထားရတဲ့ အမေရိကန် သတင်းသမား Danny Fenster ဟာ နောက်ထပ် ပြစ်မှုနှစ်ခုနဲ့ အရေးယူခံ ခဲ့ရတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က မနေ့က အင်္ဂါနေ့မှာ ပြောတဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
2021-11-09
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က RCSS နဲ့ SSPP၊ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲကြောင့် ကျောက်မဲမြို့ ရှမ်းစာပေယဉ်ကျေးမှုသင်တန်းကျောင်းကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအတွက် နေထိုင်ရေးအခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံ RFA ကို ပြောပါတယ်။
2021-11-09
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ရေနောက်ငါးသားကျေးရွာနဲ့ ငါးမိုင် လောက်ဝေးတဲ့ တောင်တန်းမှာ နိုင်ဝင်ဘာလ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ် တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-09
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က အင်တာနက်လိုင်းတွေ ပြန်ဖွင့် ပေးဖို့ ဆန္ဒပြမှုနဲ့ ထောင်ဒဏ် နှစ်နှစ်ခွဲချမှတ်ခံထားရတဲ့ ရခိုင်ကျောင်းသားလေးဦး အမှုအတွက် ပြင်ဆင်မှုကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ဒီနေ့ လက်ခံလိုက်တယ်လို့ သူတို့ရဲ့ အကျိုးဆောင် ရှေ့နေ ဦးကျော်ညွန့်မောင်က RFA ကို ပြောပါတယ်။