သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-05
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2018-12-05
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။
2018-12-05
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်မှာ အစိုးရတပ်မတော်၊ PNLO ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ ပန်ပိကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။
2018-12-05
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့့်ကွက်ခဲ့လို့ အိမ်ထောင်ဦးစီးတွေ ထောင်ကျနေတာကြောင့် စားဝတ်နေရေး ခက်ခဲတာကို အစိုးရတာဝန်ရှိသူတွေ သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်းရမ်းအလှူခံတဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2018-12-05
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံကို အဆက်မပြတ် အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ သွေးဆောင်ခံထားရသူတွေဖြစ်တယ်လို့ သာသာနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
2018-12-04
တစ်နှစ်ကို ကျပ်ငွေဘီလီယံ ၄၀၀ ကျော် နှစ်စဉ် အရှုံးပေါ်နေလို့ ရပ်ဆိုင်းထားတဲ့ နိုင်ငံပိုင်စက်ရုံ ၂၄ ရုံနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်ထားတဲ့ အခြေအနေကို လွှတ်တော်ထံ ပြန်လည်တင်ပြဖို့ ပြည်သူ့လွှတ်တော်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှုဖံ့ွဖြိုးတိုးတက်ရေးကော်မတီ က ဒီနေ့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2018-12-04
မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ ၂၀၁၇ ခုနှစ်မှာ တစ်သောင်းတစ်ထောင်ကျော်ရှိပြီး ကချင်ပြည်နယ်ထဲမှာပဲ တစ်နိုင်ငံလုံးရဲ့ ၁၈ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရတယ်လို့ ခု/ခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် (နေပြည်တော်) စီမံချက် မန်နေဂျာ ဒေါက်တာ ထွန်းညွှန့်ဦးက ပြောပါတယ်။
2018-12-04
အမေရိကန်ပြည်ထောင်စုမှာ ငွေစုလက်မှတ်တွေ အတိုးနှုန်းထား အားလျော့လာတယ်ဆိုတဲ့ သတင်းနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုအရှိန် နဲနဲလျော့လာတယ် ဆိုတဲ့ သတင်းတွေနဲ့အတူ အာရှ ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးဟာ ဒီနေ့ အားပျော့လာခဲ့ပါတယ်။
2018-12-04
ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နယ် နားမွန်းကျေးရွာအုပ်စုထဲက ရွာ ၃ ရွာကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတယ်ဆိုတဲ့ သတင်းဖော်ပြချက်ဟာ မှားယွင်းကြောင်း PNLO က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-12-04
ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရကို မတောင်းပန်နိုင်ကြောင်း Eleven သတင်းဌာနက တရားစွဲဆိုခံခဲ့ရတဲ့ သတင်းထောက်တွေက ပြောလိုက်ပါတယ်။
2018-12-03
ထိုင်းနိုင်ငံမှာ ကြက်သား ထုတ်လုပ်ရေးစက်ရုံတစ်ရုံ နဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကာကွယ်ဆောင်ရွက်သူတွေဖြစ်ကြတဲ့ ဦးနန်းဝင်း နဲ့ ဆူသရီ ဝဏ္ဏသီရိ တို့အပေါ် တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ၁၆ ဖွဲ့ က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ကြပါတယ်။
2018-12-03
ရခိုင်ပြည်နယ် ပဋိပက္ခမှာ တာဝန်ရှိသူတွေကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုဖို့ အမြန်လိုအပ်နေပြီလို့ ဝါရှင်တန် အခြေစိုက် PILPG ခေါ် ပြည်သူ့ နိုင်ငံတကာနဲ့ ဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့ရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
2018-12-03
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်လမ်းဂိတ်ပေါက်နားက နမ့်ခမ်းမြို့မ ပြည်သူ့စစ်စခန်းကို မနေ့ညက အမည်မသိ လက်နက်ကိုင်သုံးဦးက လာရောက်ပစ်ခတ်တာကြောင့် ပြည်သူ့စစ်ရဲဘော်သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2018-12-03
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ကမန်လူမျိုးအမည်နဲ့ မွတ်စလင်တွေကို နိုင်ငံသားစီစစ်ရေး ကတ်ပြားတွေ ထုတ်ပေးရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်မှုမရှိတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးဖို့ ရခိုင်အမျိုးသားပါတီ (ANP) က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-12-03
ရှမ်းပြည်နယ်အတွင်း ရှမ်းလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားနေတာတွေကို တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်အတိုင်း ကျင့်သုံးဖြေရှင်းသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။