သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-02
ရေနံလက်ယက်တွင်းရန်ပုံငွေ ၂.၈ ဘီလီယံ ကောက်ယူ ထားပြီး အစိုးရသစ်ထံ လွဲှပြောင်းပေးခြင်းမရှိတဲ့အတွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်းတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက စစ်ဆေးရာမှာ ၇ ဘီလီယံကျော် အထိ ပျောက်ဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ လက်ရှိမကွေးတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။
2017-04-02
ချောင်းဆုံမြို့နယ်မှာ အနိုင်ရရှိတာ ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပြည် သူတွေ လက်ခံတဲ့ သဘောဖြစ်တဲ့အတွက် လာမယ့် ၂၀၂၀ မှာလည်း ပါတီအတွက် အလားအလာ ကောင်းနိုင်ကြောင်း မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိသွားတဲ့ USDP ကိုယ်စားလှယ် ဦးအောင်ကြည် သိန်း က ပြောပါတယ်။
2017-04-02
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် မနေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ လက်ရှိ အစိုးရဖြစ်တဲ့ NLD ပါတီက ၉ နေရာ၊ SNLD က ၆ နေရာ၊ USDP က ၂ နေရာ၊ ရခိုင် အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့က တစ်နေရာစီ အနိုင်ရရှိခဲ့ပါတယ်။
2017-04-02
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာဖို့ ကျန်နေတဲ့ လစ်လပ်နေရာ ၈ နေရာမှာ အနိုင်ရရှိသူ စာရင်းကို ဒီနေ့ညနေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2017-04-02
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိတဲ့ ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်သွင်း ဖို့ ပြင်ဆင်နေပါတယ်။
2017-04-02
၀မ်ပေါင်ကုမ္ပဏီဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် စီမံကိန်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကန့်ကွက်သွားမယ်လို့ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေက ပြော ပါတယ်။
2017-04-01
မနေ့ကကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ အများစုကိုရရှိပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ရခိုင်အမျိုး သားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက် တာအေးမောင်နဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း တို့ အနိုင်ရရှိသွားပါတယ်။
2017-04-01
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေ စဉ်မှာ မဲမသမာမှုတွေဖြစ်ပွားခဲ့တယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် လှိုင်သာယာမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ပြောပါတယ်။
2017-04-01
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၅၃ ရပ်ကွက်၊ ဦးဖိုးလှကြီးဘုရားမှာ မနေ့ညက ကျင်းခဲ့တဲ့ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲဟာ သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တာဖြစ် သလို ရပ်ကွက်နေပြည်သူ အယောက် ၁၅၀ က လက်မှတ်ရေးထိုး ကန့်ကွက်ထားတဲ့ တရားပွဲဖြစ်တယ်လို့ သိရပါတယ်။
2017-04-01
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ဒီနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူ အများအပြား ဆန္ဒမဲပေးကြပါတယ်။
2017-04-01
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာ မြန်မာနိုင်ငံသားတဦး ခေါင်းဆောင်တဲ့ မှတ်ပုံတင် စာရွက်စာတမ်း အတုဂိုဏ်း တခုကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်း မနေ့က ထုတ်ပြန်ပြောကြားပါတယ်။
2017-04-01
တရုတ်အစိုးရပိုင် ကုမ္ပဏီကို မြစ်ဆုံရေ ကာတာ စီမံကိန်း ပြန်လည်တည်ဆောက် ခွင့်ပေးမှာလားဆိုတာ ဟာ မြန်မာအစိုး ရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ် စရာကောင်းတဲ့ စာမေးပွဲတခုပဲလို့ New York Times နယူးယောက်တိုင်းမ်သတင်းစာရဲ့ အာရှ ပစိဖိတ် ကဏ္ဏမှာ မနေ့က ဆောင်းပါး တပုဒ် ရေးသားထားပါတယ်။