သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-06
မြန်မာနိုင်ငံအကျပ်အတည်းကို လျစ်လျူမရှုဘဲ အပြီးသတ်ဖြေရှင်းပေးဖို့ G-20 အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန က စက်တင်ဘာ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
2023-09-06
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စက်တင်ဘာ ၆ ရက်နေ့မှာ အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်အနှစ်နှစ်ဆယ် ချမှတ်လိုက်ပါတယ်။
2023-09-06
အောင်ဘာလေသိန်းဆုထီနဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီဆိုပြီး အောက်တိုဘာ ၁ ရက်နေ့ကစ တစ်ရက်တည်းမှာပဲ တစ်လနှစ်ကြိမ် သီးခြားစီခွဲဖွင့်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
2023-09-06
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ (KNU) က စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-09-06
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်စစ်ဆေးတာခံခဲ့ရတဲ့ ကလေးမြို့နယ်၊ ပြည်တော်သာရွာခံ မဒိုဒိတ်ဟွဲဟာ မန္တလေးမြို့ကို ဆေးကုသဖို့အသွား စက်တင်ဘာ ၅ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ပြောပါတယ်။
2023-09-06
အရာတော်မြို့နယ် မကျီးစုရွာသား သုံးဦးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်ခုံရုံးက ထောင်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ပြောပါတယ်။
2023-09-06
ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာ ၄ ရက်နေ့ကတည်းက အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကြောင်း ရွာတွေထဲ စီးနင်းဝင်ရောက်နေတာကြောင့် ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-09-06
အင်းတော်မြို့နယ် စစ်ခုံရုံးကနေ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦး၊ စုစုပေါင်း လေးဦးကို စက်တင်ဘာ ၂ ရက်က ထောင်တစ်သက်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2023-09-06
အာဆီယံရဲ့ မြန်မာ့အရေးသုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမစွက်ဖက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2023-09-05
၂ဝ၂၅ ခုနှစ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၅ရက်နေ့မှာ AFP ကို ပြောလိုက်ပါတယ်။
2023-09-05
ဖမ်းဆီးမိသူ ၂၆၉ ဦးထဲမှာ တရုတ်နိုင်ငံသား ၁၈၆ ဦးပါဝင်ပြီး အဲဒီထဲက ၂၁ ဦးဟာ ယွမ်သန်း ၁၂၀ (အမေရိကန်ဒေါ်လာ ၁၆.၅ သန်း) လိမ်လည်မှုမှာ အဓိကပါဝင်ဆောင်ရွက်ခဲ့သူတွေဖြစ်တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2023-09-05
မြန်မာစစ်ကောင်စီကို လက်နက်၊ ငွေကြေးနဲ့ သံတမန်ပိုင်းဆိုင်ရာ ထောက်ပံ့နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မိုဒီကို ဖိအားပေးတားမြစ်ကြဖို့ G20 အဖွဲ့ဝင်နိုင်ငံတွေကို Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။
2023-09-05
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာတွေကို စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ (KNU) က စက်တင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2023-09-05
စက်တင်ဘာ ၄ ရက်နေ့ကတည်းက ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက ထုံးဘိုကုန်း၊ ရှားကွဲ၊ ချောင်းမီးတိုနဲ့ မင်းကန်ရွာတွေကို စစ်ကောင်စီ ခမရ (၁၂) က စစ်ကြောင်းထိုးနေတာလို့ ပြောပါတယ်။
2023-09-05
ဟိုစိမ့်မြန်မာစက်ရုံက ငါးဦး၊ Sun Apparel (Myanmar) စက်ရုံက နှစ်ဦး အပါအဝင် လုပ်ခလစာတိုးတောင်းလို့ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားအရေးဆောင်ရွက်သူ ၁၂ ဦး ခံဝန်နဲ့ ပြန်လွတ်လာပါတယ်။