သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-16
နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေက အလုပ်သမားတွေကို အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ် တိုးပေးလိုက်ပါတယ်။
2020-11-16
မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်း ခုနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။
2020-11-16
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှီအောင် ၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၂၀ နှစ်ဆန်းပိုင်း အထိ အသစ်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီ ၂၀ နီးပါးမှာ ပြည်မအခြေစိုက် နိုင်ငံရေးပါတီ တွေက ရွေးကောက်ပွဲမှာ နေရာတစ်နေရာမှ အနိုင်မရခဲ့ပေမယ့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတော်တော်များများက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နေရာတွေ ရှိခဲ့ပါတယ်။
2020-11-16
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အဝင်အထွက်ဂိတ်တွေကို တင်းတင်း ကျပ်ကျပ် ပိတ်ထားတဲ့ကြားက၊ ဒေသတွင်း ကူးစက်မှုပုံစံမျိုးနဲ့ မိသားစုတစ်တစ်စု ထဲမှာတင် လူ လေးဦး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တာမျိုး ဖြစ်လာတဲ့အတွက် လူစု လူဝေးမလုပ်ဘဲ ကျန်းမာရေး စည်းကမ်းချက်တွေကို လိုက်နာကြဖို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောလိုက်ပါတယ်။
2020-11-16
တိုင်းလုံးကျွတ် NLD ပါတီက အနိုင်ရခဲ့တဲ့ တနင်္သာရီတိုင်းမှာ ၂၀၂၁ ခုနှစ်မှာ တက်လာမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမယ့် အရေးကြီးအချက်တွေ ရှိနေတယ်လို့ ဒေသခံတချို့နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေက ပြောကြပါတယ်။
2020-11-15
ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့တဲ့အနေနဲ့ ငွေကျပ် ၄ သောင်းထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ တကယ်လိုအပ်နေသူ မရတာ အများအပြား ရှိနေပြီး ထောက်ပံ့ငွေရဖို့ ဆန္ဒပြတောင်းဆိုတာတွေလည်း ရှိလာပါတယ်။
2020-11-15
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC နဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်ကို အယုံအကြည်မရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင်တွေနဲ့ ဝန်းရံသူ အင်အား တစ်ထောင်ကျော်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်က ရွှေနံ့သာ ဘောလုံးကွင်းမှာ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။ NLD ပါတီကတော့ USDP ပါတီရဲ့ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။
2020-11-14
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျဖေ့ကို နမ့်ယွန်းပြည်သူ့စစ်အဖွဲ့က မိုင်းဖြတ်မြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်လိုက်ပါတယ်။
2020-11-14
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရန်ကုန် - စစ်တွေ ကားလမ်းမှာ လမ်းထိန်းသိမ်းပြုပြင် ရေး ဆောင်ရွက်နေတဲ့ အလုပ်သမားတစ်ဦး မနေ့က ညနေ ၃ နာရီလောက်မှာ မပေါက်ကွဲသေးတဲ့ RPG ဗုံးသီးကို ထုကြည့်ရာကနေ ပေါက်ကွဲလို့ တစ်ဦးသေဆုံးပြီး ကလေးတစ်ဦး အပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-11-13
နိုင်ငံရေးဆွေးနွေးပွဲတွေအဆင်ပြေသွားရင် ဖမ်းဆီးထားတဲ့ NLD အမတ်လောင်းတွေကိစ္စလည်း အဆင်ပြေသွားမယ်လို့ ရခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ တောင်ကုတ် NLD ကိုယ်စားလှယ်တွေ ကျန်းမာရေးကောင်းကောင်းမွန်မွန်နဲ့ ရှိနေတယ်လို့လည်းဆိုပါတယ်။
2020-11-13
အမျိုးဘာသာသာသနာ စောင့်ရှောက်သူကို မဲပေးကြဖို့ မန္တလေးမြို့မှာ လှုံ့ဆော်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ရှေ့နေ ဦးဇော်ဝိတ်က သူ့ကို အောင်မြေသာစံမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ RFA ကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။
2020-11-13
နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့သူနှစ်ဦးကို၊ ဥတ္တရသီရိမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်ပါတယ်။
2020-11-13
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပခင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သိသိသာသာ ကျဆင်းသွားခဲ့ပေမယ့် အခုရွေးကောက်ပွဲပြီးတဲ့နောက် ရက်ပိုင်းလေးမှာတင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ တိုးလာနေပါတယ်။
2020-11-13
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ၁၃၀ နီးပါးထဲမှာ အနိုင်ရသူ ၄၂ ဦး ရှိတယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။
2020-11-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်မှာဖြစ်ပြီး တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD ပါတီက ကြေညာထုတ်ပြန်ထားပါတယ်။