သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-23
ရှမ်းပြည်နယ်မှာ လတ်တလောဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြ ရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိထိရောက်ရောက် တာဝန်ယူကူညီပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်မှာ ဒီနေ့ တင်သွင်းရာ လွှတ်တော်က မှတ်တမ်း တင်စောင့်ကြည့်ဖို့ အတည်ပြုလိုက်ပါတယ်။
2015-11-22
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမြေမှာ စွန့်ပစ်မြေစာပုံပြိုကျပြီး လူတွေ သေဆုံးရ တာဟာ ကျောက်စိမ်းလုပ်ငန်းမှာ တာဝန်ခံ မှုလိုအပ်နေတာကို ထင်ထင်ရှားရှား ဖော်ပြလိုက်တာပဲလို့ ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က မနေ့ က ပြောကြားလိုက်ပါတယ်။
2015-11-22
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ပြီးခဲ့ တဲ့ရက်ပိုင်းက WY တံဆိပ် စိတ် ကြွဆေးပြားတွေအပါအဝင် မူးယစ်ဆေး ကျပ်သိန်းပေါင်း ၅ သောင်းကျော်ဖိုး တွေ့ရှိမှုကြောင့် အဲဒီ အမှုနဲ့ ဆက်စပ်သူ ၅ ဦးတို့ကို ဖမ်းဆီးရမိထား ပြီဖြစ်တယ်လို့ မြိတ်မြို့မရဲတပ်ဖွဲ့က ပြောပါတယ်။
2015-11-22
ရှမ်းပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေ လျော့ချရေးနဲ့ စစ်ဘေး ဒုက္ခသည်တွေ နေရပ်ပြန်ရေး တို့အတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA က ကိုယ်စားလှယ်ငါးဦးဟာ ဒီနေ့ နေပြည်တော်ကို ထွက်ခွာသွားပြီဖြစ်ကြောင်း SSPP အဖွဲ့က ပြောပါတယ်။
2015-11-22
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ဦးဆောင်ပြီး ကယားပြည်နယ် အတွင်းက ဖရူဆိုနဲ့ဒီမောဆို မြို့နယ် အတွက် ပဏာမ ကရင်နီပြည်နယ် ညီလာခံကို ဖရူဆိုမြို့နယ် ခန်းမဆောင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-11-22
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ် ဇရက်ကွင်းနဲ့ ကျောက်ဖျာကျေးရွာကြား မှာ ရွှေကြောတွေ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာကြောင့် အနီးအနားက ဒေသခံတွေ ထောင် နဲ့ချီပြီး သွားရောက် တူးဖော်နေကြပါတယ်။
2015-11-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စုထဲက တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ တာကြောင့် မြေစာပုံအနီး ယာယီတဲထိုးနေထိုင်ကြတဲ့ ရေမဆေး ကျောက်ရှာဖွေသူ တစ်ရာ နီးပါး မြေစာပိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
2015-11-22
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ဟာ ဒီကနေ့ နေ့လည်က သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။
2015-11-21
ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင် ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံကို အရင်ဆုံးလာရောက်လည်ပတ်ဖို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားလိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2015-11-21
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့အတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2015-11-21
ရှမ်းပြည်နယ်ထဲက စစ်ဘေးသင့်ပြည် သူတွေအတွက် ကယားပြည် နယ်ကျောင်းသားသမဂ္ဂ၊ ကယန်းမျိုးဆက်သစ်လူငယ် နဲ့ကယားပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး ဒီမော်ဆိုမြို့၊ မြို့မဈေးမှာ ဒီကနေ့ အလှူခံခဲ့ကြ ပါတယ်။
2015-11-21
ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းနောင်မြို့ တစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ကျေးရွာတွေကနေ ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေ နေရပ် မှာ ပြန်နေကြဖို့ တပ်မတော်ဘက်က ပြန်ခေါ်နေတယ်လို့ သိရပါတယ်။
2015-11-21
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ရွာအနီးက ကံခါစုပေါင်းမြေ စာပုံမှာ ဒီကနေ့ မနက် အစောပိုင်း ၃ နာရီလောက်က စွန့်ပစ်မြေစာပုံပြိုကျလို့ ခန့်မှန်းလူ ၂ဝဝ လောက်ပိတ်မိနေပြီး ဒီကနေ့ညနေပိုင်းအထိ လူသေ အလောင်း ၄ဝ လောင်း တွေ့ရှိထားပါတယ်။
2015-11-21
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးများမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ Barack Obama တို့ဟာ မနက်ဖြန် နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့မှာ သီးသန့်တွေ့ ဆုံကြမှာ ဖြစ်ပါတယ်။
2015-11-20
မြန်မာနိုင်ငံမှာ လက်ရှိအာဏာရအစိုးရ က ရွေးကောက်ပွဲရလဒ်တွေကို လေးစား လိုက်နာပြီး အေးအေးချမ်းချမ်း အာဏာ လွှဲပြောင်းပေးမယ်ဆိုရင် အမေရိကန်အစိုးရက ချမှတ်ထား တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပိုမိုဖြည်လျှော့ပေးဖို့ Republican ပါတီဝင် အထက်လွှတ်တော်အမတ် နှစ်ဦးက တိုက်တွန်းလိုက်ကြပါတယ်။