သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-08
အမေရိကန်အခြေစိုက် Open Society ဖောင်ဒေးရှင်းတည်ထောင်သူ ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်တွေ နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2015-01-08
ဒီနေ့ ညနေပိုင်းက စစ်တွေလေဆိပ် ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို စစ်တွေမြို့ခံ တစ်ထောင်ကျော် က လေဆိပ်မှာ ဆန္ဒပြကန့်ကွက်ကြပါတယ်။
2015-01-07
ထိုင်း၊ မြန်မာနယ်စပ် မြဝတီ နဲ့မဲဆောက် မြို့တွေကို ဆက်သွယ်ထားတဲ့ ထိုင်း၊ မြန်မာ ချစ်ကြည်ရေးတံတား ကူးသန်းသွားလာ တဲ့အချိန်ကို တိုးမြှင့်ဖို့ ဇန်နဝါရီလ ၁ ရက်နေ့က နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
2015-01-07
မြန်မာနိုင်ငံက ကျောင်းဆရာ၊ ဆရာမတွေအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ နိုင်ငံ ၅ နိုင်ငံက ဆရာ၊ ဆရာမတွေကို ပညာသင်ကြားရေးနဲ့ ပတ်သက် ပြီး နည်းပညာပိုင်းဆိုင်ရာ မြင့်တင်ပေးတဲ့ ဆွေးနွေးပွဲ တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ရာ မှာ မနေ့က ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2015-01-07
မန္တလေးတိုင်း အမရပူရမြို့က တမာအရိပ်အမျိုးသမီး အဖွဲ့ခေါင်းဆောင် မတင်မာရီ (ခေါ်) မနီ ကို တရားမဝင် စီတန်းလှည့်လည်မှုပုဒ်မ ၁၈ နဲ့ ချမ်းမြသာစည်မြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။
2015-01-07
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ခြံစည်းရိုးခတ်ရာမှာ ပါဝင်ခဲ့တဲ့ ဆည်တည်း ရွာက လယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မြေတူးစက်တွေနဲ့ ဒီနေ့ ဝင်ရောက်တူးဖော်ကြတယ်လို့ သိရပါတယ်။
2015-01-07
မြန်မာနိုင်ငံမှာ လူတန်းစား မမျှမတမှုတွေ ကို ဖြေရှင်းပေးနိုင်ဖို့ အစိုးရကို တိုက်တွန်း သွားမယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရွေးချယ်ထားတဲ့ ကာဒီနယ်ရဟန်းအမတ် ၂၀ ထဲက ရန်ကုန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် ချားလ်စ်ဘိုက ပြောပါတယ်။
2015-01-07
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံ သား တစ်ရာကျော်နဲ့ ဖမ်းဆီးရမိတဲ့ယာဉ်တွေ၊ မူးယစ်ဆေး ဝါးတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေထံ လွဲှပြောင်းပေး လိုက်တယ်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆင့်မြင့် အရာရှိတစ်ဦးက ဒီနေ့ ပြောပါတယ်။
2015-01-07
မဟာအောင်မြေ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးစခန်းကို ပြောင်းရွှေ့ဖို့ မလိုတော့ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-01-07
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် မှော်မောင်း ကုန်းကျေးရွာနားမှာ မနေ့ညက ကျောက်စိမ်းကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာပုံပြိုကျခဲ့တာကြောင့် ရေမဆေးကျောက် ရှာသူတွေနဲ့ ဈေးရောင်းသူတွေ စုစုပေါင်း အယောက်၂၀ လောက် ပျောက်ဆုံးနေတယ်လို့ ကချင်ပြည် နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2015-01-07
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ Ms. Yanghee Le က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ လက်ပံတောင်းတောင်အရေး ကူညီပေးနေတဲ့ ဆရာတော်တွေအပြင် မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြနေသူတချို့နဲ့ ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂ ဖံ့ွဖြိုးတိုးတက်ရေး အစီအစဉ် UNDP ရုံး မှာ တွေ့ဆုံခဲ့ပါတယ်။
2015-01-06
ကမ္ဘာက ချီးကျုးအမွှန်းတင်ခံနေရတဲ့ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ဘာသာရေး အစွန်းရောက်မှုတွေကြောင့် လမ်းချော်သွားနိုင်တယ်လို့ ပထမဆုံးအကြိမ် ကာဒီနယ် ဆရာတော်ကြီး အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မြန်မာကက်သလစ် အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီး ချားလ်စ်ဘို က ပြောပါတယ်။
2015-01-06
တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့နဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အရပ် ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ၁ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-01-06
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2015-01-06
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ ပြည်ပ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း ကကွန်ရက်အဖွဲ့တချို့ရဲ့ အဖျက်သဘော သွေးခွဲလှုံ့ဆော် မှုတွေကြောင့် မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ် ပွားနေရတာလို့ စီမံကိန်းအကောင်အထည်ဖော်ရေး ကော် မတီက မနေ့ကနေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။