သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-28
လန်ဒန်အခြေစိုက် Foreign Press Association (FPA) က ကမ္ဘာတဝန်းမှာရှိတဲ့ သတင်းထောက်တွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေထဲက ၂၀၁၈ ခုနှစ်အတွက် "Journalist of the Year" ဆုကို ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးမြှင့်လိုက်ပါတယ်။
2018-11-27
ဗုဒ္ဓဘာသာ သာသနာကို ချစ်ခင်မြတ်နိုးပေမယ့် မြန်မာကြည့် မကြည့်ဘဲ ကမ္ဘာကြည့် ကြည့်ကာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ပိတ်ဆို့မှု မခံရအောင် ဆောင်ရွက်နေရတာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဒီနေ့ ပြောလိုက်ပါတယ်။
2018-11-27
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက် ဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၉၃ ယောက် လိုက်ပါလာတဲ့ လှေတစ်စီးကို နိုဝင်ဘာ ၂၅ ရက်နေ့ညက တေ့ွရှိခဲ့တယ်လို့ သိရပါတယ်။
2018-11-27
ရခိုင်ပြည်နယ်ကနေထွက်ရှိတဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေကိုယ်တိုင် စီမံခွင့်နဲ့ ပိုင်ဆိုင်ခွင့်တွေရရှိဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဦးဆောင်ပြီး ကျောက်ဖြူမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2018-11-27
မြန်မာ-မလေးရှား ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမားတွေကို မလေးရှားဘော လုံးအဖွဲ့ချုပ်က မနေ့က တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
2018-11-27
ရခိုင်ပြည်နယ်လွှတ်တော်မှာ သတင်းရယူခွင့်ကို ဒီနေ့ကစပြီး တင်းကျပ်လိုက်ပါတယ်။ ရခိုင်ပြည် နယ် လွှတ်တော်မှာ အရင်က လွတ်လပ်စွာသတင်းယူခွင့်ရခဲ့ပေမယ့် အခုအချိန်မှာတော့ သတင်း သမားတွေဟာ အစည်းအဝေးခန်းမ နောက်ဆုံးထောင့်ကနေပဲ သတင်းယူဖို့ သတ်မှတ်လိုက် တာဖြစ်ပါတယ်။
2018-11-27
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေအကြား တိုက်ပွဲတွေ ရပ်တန့်ဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအပါအဝင် ရှမ်းတိုင်းရင်းသား အရပ်ဖက်အဖွ့ဲအစည်းတွေက မေတ္တာရပ်ခံလိုက်ပါတယ်။
2018-11-27
နိုင်ငံကူူးလက်မှတ် လျှောက်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် မှာမေးမြန်းခဲ့ရာမှာ ဗိုလ်မှူးကြီးဖုန်းတင့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
2018-11-27
စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်တွေက ကချင်ပြည်နယ် အခြေစိုက် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဒီနေ့ မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ကျင်းပပါတယ်။
2018-11-26
မြန်မာနိုင်ငံ သမ္မတရုံးက ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က နိုင်ငံတကာ အရပ်ဘက် NGO တွေဟာ ဒုက္ခသည်စခန်းတွေကနေ အကျိုးအမြတ်တွေ ရရှိနေတယ်လို့ ပြောဆိုခဲ့ကြောင်း Asia News သတင်းက ဖေါ်ပြပါတယ်။
2018-11-26
ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေဟာ ဒီကနေ့ မနက်မှာ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို သပိတ်မှောက်ခဲ့ကြပြီး အချက် ၄ ချက်ကို တောင်းဆိုကြပါတယ်။
2018-11-26
ရခိုင်ပြည်နယ်မှာ လက်ရှိ အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း အပါအဝင် အခြားစီမံကိန်းတွေအားလုံးကို ရပ်ဆိုင်း ထားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်စာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
2018-11-26
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ဘေးဖယ်ခံထားရတယ်ဆိုပြီး ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က ၁၆ ရက်တာ လှုပ်ရှားမှုရဲ့ ဒုတိယနေ့ အကြောင်းအရာအဖြစ် ဒီနေ့ လူမှုကွန်ရက်မှာ ဖော်ထုတ်လိုက်ပါတယ်။
2018-11-26
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပြည်ပချေးငွေ ရယူမယ့်ကိစ္စကို ယာယီဆိုင်းငံ့ဖို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-11-26
ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့မှာ သူ့ရုပ်ပုံပါတဲ့ မီးပုံးပျံကို လွှင့်တင်ခဲ့လို့ဆိုပြီး ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာက ဦးလှထွန်းကျော်ကို ကျောက်ဖြူမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။