သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-26
အိန္ဒိယဆေးကုမ္ပဏီ Serum Institute ကနေ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ဝယ်ယူနိုင်ဖို့ နှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2020-12-24
ထိုင်းနိုင်ငံမှာ လတ်တလော ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၂၀၀ ကျော်မှာ မြန်မာရွှေ့ပြောင်းလုပ်သားက ၁၁၀၀ ကျော် ပါဝင်ပါတယ်။ ဒီလို ကူးစက်မှု များလာချိန်မှာ မြန်မာ အလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ စွန့်ပစ် ခံရတာတွေ ရှိလာတဲ့အပြင် ခွဲခြားဆက်ဆံ ခံနေရပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းအစိုးရက တရားမဝင် ရွှေ့ပြောင်း လုပ်သားတွေကို တရားဝင်လက်မှတ် လုပ်ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။
2020-12-24
အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာ အဲဒီဒေသအတွက် ဒီဂျစ်တယ်အခွင့် အရေးချိုးဖောက်ခံနေရတယ်လို့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်တွေအတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့က မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2020-12-24
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀၀ ကျော်အထိ ရှိလာပြီး သူတို့ကို ဆေးကုသပေးဖို့ ထိုင်းအစိုးရက အားကစားကွင်းမှာ ယာယီဆေးရုံ ဆောက်လုပ်ပေးနေတယ်လို့ အလုပ်သမားအရေး ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။
2020-12-24
မကြာသေးခင်က ဝယ်ယူထားတဲ့ ရေငုပ်သင်္ဘော၊ ရေတပ်က တပ်ဆင်ထုတ်လုပ်တဲ့ တိုက်ခိုက်ရေး သင်္ဘော ၆ စီးတို့ တပ်တော်ဝင်ခြင်းနဲ့ ၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အမှတ် ၃ ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှာ ပြုလုပ်ခဲ့ပါတယ်။
2020-12-23
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၃ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံအတွင်း စစ်မက်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်ရသူတွေ နေရပ်ပြန်ရေး ဆောင်ရွက်နေပုံနဲ့ စစ်မက်ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေက ပြည်သူ ၉ သိန်းခွဲခန့်ကို ကူညီဖို့ လိုအပ်နေပုံတွေကို ဖော်ပြထားပါတယ်။
2020-12-23
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ (၃၄၇၁၀) မဲ ရှိခဲ့ပြီး၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်းပေါင်း (၃၉၅၉၆) မဲ ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-12-23
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည်ပြန့်ပွားလာတာဟာ တရားမဝင်အလုပ်သမားတွေကြောင့်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့ အပြစ်တင်ပြောဆိုလိုက်ပါတယ်။
2020-12-23
သမ္မတရုံး ဝန်ထမ်း ရှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ဒီကနေ့ အတည်ပြုပြောလိုက်ပါတယ်။
2020-12-23
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာက ရွာသား ၁၈ ဦး ပျောက်ဆုံးနေတဲ့ကိစ္စမှာ တပ်မတော်က ဖမ်းဆီးထားခြင်းမရှိဘူးဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာနဘက်က တုံ့ပြန်ချက်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ယုံကြည်တဲ့အတွက် သီးခြားအနေနဲ့ ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးတာ မရှိဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြောလိုက်ပါတယ်။
2020-12-23
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က စညှင်း၊ ကိုင်းကြီးစတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတာ ရက်ပေါင်းနှစ်ဆယ်ကျော်အထိရှိနေပြီး စခန်းနေ လူဦးရေ ၅၀၀ ကျော် ဒီဒဏ်ကို ခံစားနေရပါတယ်။
2020-12-23
ဒုက္ခသည်စခန်းမှာ ကိုးနှစ်ကြာနေထိုင်ခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအို မြို့နယ်တွေက အိမ်ထောင်စု ၆၀၀ကျော်က စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ဟာ လာမယ့် ၂၀၂၁ ခုနှစ်နှစ်ဆန်းပိုင်းမှာ နေရပ်ပြန်ခွင့်ရတော့မှာပါ။
2020-12-22
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သံဃာတော်တွေအနေနဲ့ ဆွမ်းကွမ်းနည်းပါးခြင်း အလှူအတန်း ဘာသာရေး အခမ်းအနားတွေ ရပ်ထားရခြင်းစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြုံနေရပါတယ်။
2020-12-22
ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ မောင်တောဒေသအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်း ကို အစိုးရက ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ မောင်တော မြို့မရဲစခန်းမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့်ထားပါတယ်။ ဒါဟာ အစိုးရက သတင်းမီဒီယာ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေတာလို့ DMG သတင်းဌာနက ပြောလိုက်ပါတယ်။
2020-12-22
ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန် တကမ္ဘာလုံး စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး မြန်မာ့စီးပွားရေးဟာလည်း ပြီးခဲ့တဲ့နှစ်ညွှန်းကိန်း ၆.၈ ကနေ ဒီနှစ် ၁ . ၇ ရာခိုင်နှုန်းကို ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။