သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-25
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာတွေထဲကို ပစ်ခတ်လို့ ဒီနေ့ နေ့လယ်က ဒေသခံ တစ်ထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေး သွားကြတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2020-03-25
မြန်မာရဲ့ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူကို ရန်ကုန်မြို့မှာ တွေ့ရှိတယ်လို့ အစိုးရက ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက်အစောကြီးမှာ ကြေညာပါတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့သူနဲ့ မိသားစုတွေကို အစိုးရက နေအိမ်သီးခြား စောင့်ကြည့်နေပါတယ်။
2020-03-25
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်ပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နောက် ဖမ်းဝရမ်း ထုတ်ခံလိုက်ရတဲ့ အောင်သပြေကျေးရွာသားတွေကို မနေ့ညက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
2020-03-24
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ်တစ်ဦးကို မတ်လ ၂၄ ရက် မနေ့က တွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ရောဂါကူးစက်သူ သုံးဦး ရှိသွားပါပြီ။
2020-03-24
ရန်ကုန်တိုင်းအစိုးရဝန်ကြီး ဦးနိုင်ငံလင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာနဲ့ တွေ့ထိမှု ရှိခဲ့တဲ့အတွက် အသွားအလာကန့်သတ်ပြီး နေအိမ်မှာ ၁၄ ရက် သီးသန့် နေထိုင်နေရပါတယ်။
2020-03-24
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ချင်းအမျိုးသား ဧည့်ခံပွဲလုပ်ခဲ့တဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ရွာတစ်ရွာကို အစိုးရက ဒီနေ့မှာပဲ ပြင်ပနဲ့ ကူးလူးဆက်သွယ်မှု ဖြတ်တောက်လိုက်ပါတယ်။
2020-03-24
ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တွေ့ရပြီးနောက်မှာ မန္တလေးမြို့မှာလည်း လူစည်ကားတဲ့ နေရာတချို့ကို ကန့်သတ်တားဆီးတာတွေ ရှိလာပါတယ်။
2020-03-24
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ချင်းအမျိုးသား ဧည့်ခံပွဲလုပ်ခဲ့တဲ့ တီးတိန်မြို့ နယ်ထဲက ရွာတစ်ရွာကို ပြင်ပနဲ့ ကူးလူးဆက်သွယ်မှု ဖြတ်တောက်လိုက်ပြီး သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေ အားလုံးကို စောင့်ကြည့်လူနာအနေနဲ့ သတ်မှတ်ထားပါတယ်။
2020-03-23
ရက္ခိုင့်တပ်တော် AA ကို မတရားသင်းအဖြစ် အစိုးရက သတ်မှတ်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး လက်မှတ်ထိုးပြီး မနေ့ညက ကြေညာလိုက်ပါတယ်။ ဒီလို ကြေညာတာဟာ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့မူဝါဒ အစိုးရမှာမရှိဘူးဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့ AA အဖွဲ့က တုန့်ပြန်ပါတယ်။
2020-03-23
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရတဲ့ ပထမဆုံး လူနာနှစ်ဦး တွေ့ရှိတယ်လို့ ဒီနေ့ည ၁၁ နာရီ ၄၅ မိနစ်မှာ အစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-03-23
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်အဆိုတွေကို နေပြည်တော် အမျိုးသားလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ရာမှာ တပ်တွင်းမဲရုံတွေကို တပ်ပြင်ပမှာ ထားရှိရေးနဲ့၊ ဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်သူတွေ မဲပေးပိုင်ခွင့်ရှိရေး အဆိုမူကြမ်းတွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
2020-03-23
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရက မိုဘိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာ မနေ့က ကိုးလပြည့်သွားပြီ ဖြစ်ပါတယ်။
2020-03-23
နေပြည်တော် အမျိုးသားလွှတ်တော်မှာ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်အဆိုတွေကို ဆွေးနွေးခဲ့ရာမှာ တပ်တွင်းမဲရုံတွေ တပ်ပြင်ပမှာထားရှိရေးနဲ့ ဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်ရင် မဲပေးခွင့်ရှိရေး အဆိုမူကြမ်းတွေကို တပ်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
2020-03-23
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကနေ မြန်မာနိုင်ငံဆီ နယ်စပ်ဂိတ်တွေကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ အားလုံး ကိုယ့်အိမ်မှာ (၁၄) ရက်ကြာ သီးသန့်နေထိုင်ကြဖို့ (Home Quarantine) လုပ်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2020-03-23
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ကမ်းနီ အမှတ်(၉) တိုင်းဗဟို စစ်သင်တန်းလေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော် AA က ဒီနေ့မနက်မှာ ဝင်ရောက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းခဲ့ပါတယ်။