သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-12
၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြိုးပမ်းခဲ့ပေမယ့် တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းကွာဝေးခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြည်ထောင်စုနေ့သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။
2023-02-11
စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနဲ့ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီတို့ ပါတီတည်ထောင်ခွင့် တင်ထားပါတယ်။
2023-02-11
ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကို ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်ကောင်စီ မီးရှို့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-02-11
အရပ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီက ဒီနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းက လူမှုကွန်ယက်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။
2023-02-11
ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-02-10
ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ မလေးရှားဝန်ကြီးချုပ်က… စစ်တပ်အာဏာသိမ်းမှုဒဏ် ခံနေရတဲ့ မြန်မာပြည် တည်ငြိမ်ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။
2023-02-10
စစ်ကောင်စီဘက်သာမက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စစ်တပ်အာဏာ သိမ်းပြီးဖယ်ရှားခံထားရတဲ့ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ရဖို့လိုအပ်တယ်လို့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း အာဂုစ် ဝီဂျိုယိုက ပြောပါတယ်။
2023-02-10
နောင်ချိုမြို့နယ် လုံခံကျေးရွာ ဘုရားကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ပါ တိုက်ခိုက်နေပါတယ်။
2023-02-10
နိုင်ငံတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားအောင် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
2023-02-10
မန္တလေးတိုင်း မတ္တရာမြို့နယ် မာရဘင်ရွာက ဒေသခံ ၂၀ လောက်ကို စစ်ကောင်စီတပ်က ဖော်ဝါရီလ ၁၀ ရက် ဒီနေ့ထိ ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2023-02-09
ကနေဒါရေနံကုမ္ပဏီ MTI Energy က သူ့ရဲ့ဘာမြူဒါအခြေစိုက် Et Martem Holdings လုပ်ငန်းခွဲကတစ်ဆင့် အစုရှယ်ယာကို ဝယ်ယူတာလို့ Justice for Myanmar က ပြောပါတယ်။
2023-02-09
မကြာခင်က စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ဒေသတွေကို စစ်ကောင်စီက ပိုမိုတိုက်ခိုက်လာမှာကို ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြတယ်လို့ UCA သတင်းက ဆိုပါတယ်။
2023-02-09
တော်လှန်ရေးအင်အားစုတွေကို ဆက်ကူမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2023-02-09
KNU ထိန်းချုပ်နယ်မြေမှာ အာဏာသိမ်းနှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၈၃၀၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-02-09
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအရှေ့တောင်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံ သုံးသိန်းခုနစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ပါတယ်။