သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-30
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စုခ်စာမ်ရာမြို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ခုနစ်ယောက်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးလိုက်ပါတယ်။
2023-11-30
ပြီးခဲ့တဲ့လက ထိုင်းစစ်တပ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ ကရင်နီပြည်နယ်ထဲကို အတင်းအကျပ် ပြန်သွားခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
2023-11-30
ချင်းပြည်နယ်ထဲမှာရှိတဲ့ မြို့ခုနစ်မြို့ကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2023-11-30
မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-11-30
မန္တလေးတိုင်း မတ္တရာမြို့နယ် ဘိုကုန်းရွာထဲကို နိုဝင်ဘာ ၂၉ ရက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးသေဆုံးပြီး နောက်ထပ် မိသားစုဝင်နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-11-30
မပြီးပြတ်သေးတဲ့ အထူးအယူခံအမှု ရှစ်မှုအထိ ကြားနာဖို့ရှိနေတာဖြစ်ပြီး ကျန်အမှုတွေကတော့ အထူးအယူခံအဆင့်ထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချထားတာပါ။
2023-11-30
တန့်ဆည်မြို့ပေါ် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့သလို လက်နက်ကြီးကြောင့်လည်း အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
2023-11-29
မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ ဝမင်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ခွန်နောင်မြင့်ဝေ ပိုင်ဆိုင်တဲ့ ရှမ်းယူနိုက်တက် ဘောလုံးအသင်းကို သြစတြေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ငြင်းပယ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြိုဆိုလိုက်ပါတယ်။
2023-11-29
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနဲ့ မိသားစုဝင်တွေကို တရားရေးဌာနကို လွှဲပြောင်းပြီး တရားစွဲ အရေးယူသွားမယ်လို့ IEC က ဆိုပါတယ်။
2023-11-29
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက တိုက်ပွဲအတွင်း ရှော့တိုက်ဒုံး အလုံး ၁၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။
2023-11-29
တရုတ်-မြန်မာ နှစ်နိုင်ငံကြား သဘောထားကွဲလွဲအောင်နဲ့ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပျက်ပြားအောင်လုပ်ဖို့ ကြိုးပမ်းမှုတွေကို လက်မခံနိုင်သလို အောင်မြင်မှာလည်း မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
2023-11-29
လောက်ကိုင်မြို့နယ်အတွင်းနေထိုင်သူတွေအနေနဲ့ ကိုးကန့်ဒေသပြင်ပထွက်ပြီး စစ်ဘေးမတိမ်းရှောင်ကြဖို့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
2023-11-29
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့အနီးမှာရှိတဲ့ ကုန်းကြမ်းမြို့က ခလရ- ၁၂၅ တပ်ရင်းတစ်ခုလုံး နိုဝင်ဘာလ ၂၈ ရက်နေ့က လက်နက်ချခဲ့တယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ထားပါတယ်။
2023-11-29
(SSPP/SSA) နဲ့ (RCSS) တပ်ဖွဲ့အကြား နိုဝင်ဘာလ ၂၉ ရက် ဒီနေ့ကစပြီး အပစ်ရပ်လိုက်ပါတယ်။
2023-11-29
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကို အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဆယ်နှစ်ချလိုက်တယ်လို့ အင်းစိန် အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။