သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-02
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ကြိုတင်မဲကောက်ခံရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက မဲရုံကိုယ်စားလှယ်ဟာ တံဆိပ်တုံးအတု အသုံးပြုတာနဲ့ ပတ်သက် ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တိုင်ကြားသွားမယ်လို့ NLD ပါတီရဲ့ တာဝန်ရှိသူတွေက ပြော ပါတယ်။ မွန်ပြည်နယ် ပေါင်မြို့နယ်နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း UEC စာသားမပါတဲ့ တံဆိပ်တုံးတွေနဲ့ မဲပေးမှုတွေ ရှိခဲ့ပါတယ်။
2020-11-02
ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ကယားဒေသအခြေ စိုက် အရပ်ဘက် အဖွဲ့အစည်းတွေက ဝေဖန်ကြပါတယ်။
2020-11-01
မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အသက်(၆၀)နဲ့အထက် အသက် အရွယ်ကြီးသူတွေကို အောက်တိုဘာလ (၂၉) ရက်ကစလို့ ကြိုတင်မဲပေးခွင့်ပြု ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က မကွေးတိုင်းအတွင်း အသက်အရွယ်ကြီးသူတွေ မဲပေးခဲ့တဲ့အခါမှာ မဲရုံမှာ တာဝန်ယူဆောင်ရွက်သူတွေနဲ့ မဲပေးတဲ့ အသက်ကြီးသူတွေအကြား အငြင်းပွားခဲ့ကြပါတယ်။
2020-11-01
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့လယ်ခေါင်မှာဖြစ်ပွားခဲ့တဲ့ အက်ဆစ်နဲ့ အပက်ခံရခဲ့ရတဲ့ ဖြစ်စဉ် အတွက် တစ်နှစ်ကျော်တဲ့အထိ တရားခံဖမ်းလို့မမိသေးပါဘူး။
2020-10-31
ဖျက်သိမ်းခံလိုက်ရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ကယားပြည်နယ်ထဲက ပါတီဝင်တွေဟာ ဘောလခဲမြို့နယ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ရွေးကောက်ပွဲအတွက် ဝန်းရံပေး သွားမယ်လို့ သိရပါတယ်။
2020-10-31
ကယားပြည်နယ် မော်ချီးခဲသတ္ထုတူးဖော်ရေး လုပ်ကွက်တွေအနီးမှာရှိတဲ့ နေအိမ်တချို့ကို မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတွေက နေရာပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။
2020-10-30
ကပ်ဘေးကာလမှာ မွန်ပြည်နယ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အိမ်သုံးဆားကို သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဝယ်ယူသူမရှိတော့လို့ ကုန်ချောထုတ် စက်ရုံတွေ ပိတ်ထားရပြီး အိမ်သုံးဆား ထုတ်လုပ်မှုလုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။
2020-10-30
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် ကြိုတင်မဲပေးခွင့် သတ်မှတ်ရက်တွေကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့် နယူးဇီလန်နိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကြိုတင်မဲပေးခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
2020-10-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ရဲ့ ရိက္ခာတင် အငှားစက်လှေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အသက်မသေဘဲ လွတ်မြောက်လာတဲ့ စက်လှေအလုပ်သမား ကိုကံအေးချမ်းကို စစ်တွေမြို့မရဲစခန်းက ဒီနေ့ခေါ်ယူစစ်ဆေးနေပါတယ်။
2020-10-30
ရခိုင်ပြည်နယ် မင်းပြားနဲ့ ပေါက်တောမြို့နယ်ထဲက ရွာတချို့မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကလေး သုံးယောက်အပါအဝင် အရပ်သား ကိုးယောက် ဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2020-10-30
အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့နယ်မြေတွေကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်စဲရေး တိုးမြှင့်မယ်လို့ တပ်မတော်က ကြေညာလိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလကတည်းကစပြီး တစ်ဘက်သတ် အပစ်အခတ် ရပ်စဲရေးကို တပ်မတော်ဘက်က လစဉ်ပုံမှန် သက်တမ်းတိုးနေတာပါ။
2020-10-30
ဒုတိယသမ္မတ ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုဝန်ကြီးတွေ နဲ့ ဌာနဆိုင်ရာ တာဝန်ရှိ သူတချို့တို့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၊မြို့မဈေးဓမ္မာရုံမှာ ဒီနေ့မနက်ပိုင်းက ကြိုတင် မဲပေးခဲ့ကြပါတယ်။
2020-10-30
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက သူမဲပေးချင်တဲ့ပါတီကို တံဆိပ်နှိပ်ပေးလိုက်တယ်ဆိုပြီး ဒေသခံတွေက မကျေနပ်ကြဘဲ လူစုလူဝေးနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။
2020-10-30
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုတွေမှာ ကပ်ဘေးကာလ စည်းကမ်းသတ်မှတ်ချက်တွေ မလိုက်နာရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ နိုင်ငံရေးပါတီဝန်းရံသူတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးလိုက်ပါတယ်။
2020-10-29
ရွှေ့ပြောင်းအလုပ်သမားတွေအရေးအကျိုးဆောင် ဗြိတိန်လူမျိုးအလုပ်သမားအရေး လှုပ်ရှားသူ Andy Hall ကို အသရေဖျက်မှုနဲ့တရားစွဲဆိုထားတာကို ထိုင်း Natural Fruit Co. က ဒီလ ၂၈ ရက်နေ့က အမှုရုပ်သိမ်းသွားပါတယ်။