သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-02
မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေး အင်စတီကျု ( ISP Myanmar) မှာ သုတေသီ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ The Voice journal ရဲ့ အယ်ဒီတာဟောင်း ကိုအောင်မျိုးထက် ကို နိုဝင်ဘာလ ၃၀ ရက်နေ့က အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-12-02
မန္တလေးတိုင်းမှာ နိုဝင်ဘာလ ၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အချိန်တစ်လခန့်အတွင်း PDF အဖွဲ့ဝင် ၃၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာကနေတဆင့် ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-12-01
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအတွက် ဘယ်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ပေးမလဲ ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂ ကိုယ်စားပြုအဖွဲ့ စိစစ်ရေးကော်မတီ UN credential committee က လောလောဆယ် မဆုံးဖြတ်သေးဘဲ အချိန်ရွှေ့ဆိုင်းထားလိုက်တယ်လို့ ကော်မတီဥက္ကဋ္ဌ ဖြစ်တဲ့ ဆွီဒင်နိုင်ငံ သံအမတ် Anna Karin Enestrom က ဗုဒ္ဓဟူးနေ့ ညနေမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
2021-12-01
အရှေ့တောင်အာရှ မလက္ကာရေလက်ကြားမှာ ရုရှားနဲ့ အာဆီယံနိုင်ငံတွေရဲ့ ပထမဆုံးအကြိမ် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မနေ့က စတင်ခဲ့တယ်လို့ အင်ဒိုနီးရှားရေတပ်က ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
2021-12-01
ရာသီဥတု ပြင်းထန်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာဆန်ချာကျွန်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ သူတို့ရဲ့ မိသားစုဆွေမျိုးတွေနဲ့ လည်ပတ်တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ AFP သတင်းမှာ မနေ့ကဖော်ပြပါတယ်။
2021-12-01
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း ယမ်ယမ်ခေါက်ဆွဲခြောက် စက်ရုံ မနေ့ည ၁၀ နာရီခွဲလောက်မှာ မီးလောင်ခဲ့ပါတယ်။
2021-12-01
ကိုဗစ် ကမ္ဘာ့ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဒဏ်တွေကြောင့် မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ အခုလာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ ဆင်းရဲမွဲတေမှုအောက်ကို ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2021-12-01
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ငါးဦး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ နဲ့ စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက် ဒီကနေ့ စွဲချက်တင် အမိန့်ချခံလိုက်ရပါတယ်။
2021-12-01
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရေရှင်၊ တင်သားနဲ့ လယ်ခြား ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက်အထိ နေအိမ်နဲ့ တဲအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ကလေး PDF က ဒီနေ့ထုတ်ပြန်ပါတယ်။
2021-12-01
ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁ ရက် ဒီနေ့အထိ စစ်အာဏာသိမ်းတဲ့ ၁၀ လအတွင်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၅၇၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
2021-12-01
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၁ ထိပ်ကနေ တပင်ရွှေထီးလမ်း တစ်ဝိုက်မှာရှိတဲ့ ကျုးကျော်တဲတွေကို စစ်သားနဲ့ ရဲ အင်အား ၅၀ လောက်ပါတဲ့ အဖွဲ့က ဘူဒိုဇာနဲ့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-01
ရေနံထုတ်လုပ်တဲ့ ပြင်သစ်နိုင်ငံအခြေစိုက် Total ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ သူတို့ရဲ့လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေပြီး စစ်ကောင်စီကို အခွန်ဆောင်နေတဲ့ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
2021-12-01
စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ် အ.ထ.က (၁) ကျောင်းဝန်းထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက် ၈ နာရီ လောက်က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား လေးယောက် သေဆုံးသွားတယ်လို့ တန့်ဆည်တိုက်ဂါးအဖွဲ့ (MDF Taze Tiger) အဖွဲ့က ထုတ်ပြန်ပါတယ်။
2021-12-01
စစ်တွေမြို့ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကုန်ကူးသန်းသွားလာနေသူ ၁၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိ ထားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီက ဒီဇင်ဘာ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-12-01
စစ်ကိုင်းတိုင်း ကနီနဲ့ မင်းကင်းမြို့နယ်ထဲ နိုဝင်ဘာလ ၃၀ ရက် မနေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်ရေးသားထားတဲ့ စာရွက်တွေကို စစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။