သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-12
ဖါးကန့်ကနေ မြစ်ကြီးနားကို ကျောက်စိမ်း သယ်ယူခွင့်အတွက် လုပ်ပိုင်ခွင့် သူ့မှာ မရှိသလို အဲဒီလို ကိစ္စတွေအတွက် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ရဲ့ ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ပြောပါတယ်။
2016-11-12
အစိုးရတပ်မတော်က ဝိုင်းမော်မြို့နယ် အတွင်းရှိ ကေအိုင်အို တပ်တွေအခြေစိုက် တဲ့ ဂီဒွန်တောင်က စခန်းကို လက်နက်ကြီး နဲ့ ပစ်ခတ်တာတွေ နေ့စဉ်လိုလို ရှိနေဆဲဖြစ်ပြီး အခုတလော ပစ်ခတ်တာတွေက အရင်ကထက် ပြိုပီးများပြားလာတယ် လို့ ကေအိုင်အို အရာရှိတစ်ဦးက ပြောပါတယ်။
2016-11-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေအနေနဲ့ ပါတီ အပေါ်သစ္စာရှိပြီး လာမယ့် ရွေးကောက်ပွဲတွေမှာ ပြည်သူ လူထုထောက်ခံမှုရရှိအောင် ကြိုးစားကြဖို့ ပါတီနာယက သူရဦးတင်ဦးက တိုက်တွန်းလိုက်ပါတယ်။
2016-11-11
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသအဖွဲ့ဝင်တချို့နဲ့ စစ်ကိုင်း သစ်အချောထည်စက်ရုံက အလုပ် သမားတွေ ပူးပေါင်းပြီး မန္တလေးမြို့ မဟာမြတ်မုနိဘုရားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-11-11
ပြီးခဲ့တဲ့ မေလတုန်းက စစ်ကိုင်း ကနေ နေပြည်တော်ကို ချီတက်ခဲ့တဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမား သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ပြီး ထောင်ဒဏ်ကျခံခဲ့ရသူ ၁၂ ယောက်ဟာ ဒီကနေ့ ရမည်းသင်းထောင်ကနေ ပြန် လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။
2016-11-11
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် ၊ နေပြည်တော် တပ်ကုန်းနဲ့ ဥတ္တရသီရိ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ဧကထောင်ချီတဲ့ စိုက်ပျိုးမြေတွေ ပျက်စီးသွားခဲ့ရပါတယ်။
2016-11-11
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ဟာ ဒီနေ့ နေလည်ပိုင်းက တာမွေရဲစခန်းမှာ လာရောက်ဖမ်းဆီးခံပြီး သူတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၆၆ ဃ မရှိသင့်ဘူးလို့ ပြောလိုက်ပါတယ်။
2016-11-11
စွပ်စွဲခံ မြန်မာအလုပ်သမားတွေဘက်က အယူခံတင်ထားတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားတွေ အမှန်တကယ် အပြစ် ရှိကြောင်းကို လျှောက်လဲချက်ပေးဖို့ မနေ့က နောက်ဆုံး သတ်မှတ်ရက်ဖြစ်ပေမယ့် ထိုင်းအစိုးရရှေ့နေတွေဘက်က ပျက်ကွက်ခဲ့ပါတယ်။
2016-11-10
ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေ ထဲက အခြေအနေတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် ဖို့ နိုဝင်ဘာလ ၁ဝ ရက်နေ့စွဲနဲ့ တိုက်တွန်းလိုက်ပါတယ်။
2016-11-10
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည် နယ်အခြစိုက် မြန်မာ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးထွန်းတင်က အမေရိ ကန် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အခုလို ဒေါ်နယ်လ် ထရမ့် ရွေးချယ်ခံခဲ့ရတာကို မြန်မာပြည်ရဲ့စီးပွားရေးတိုးတက်ဖို့အတွက် မိမိတို့ အသုံးချနိုင်ရန် အရေးကြီးကြောင်း RFA ကိုပြောပါတယ်။
2016-11-10
NCA လက်မှတ်မထိုးထားတဲ့ UNFC အဖွဲ့က နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် တို့ ရန်ကုန်မြို့ NRPC မှာ ဒီနေ့ ဒုတိယမြောက်နေ့ တွေ့ဆုံခဲ့ပါတယ်။
2016-11-10
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မုက္ကလိကျေးရွာအုပ်စု ငေါက်စားကျေးရွာ နားမှာ မုံရွာမြို့ကနေ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းကျေးရွာကို ပြေးဆွဲနေတဲ့ လင်းလင်းအောင် ကုန်တင်ရေယာဉ်ဟာ ဒီနေ့မနက်မှာ နစ်မြုပ်ခဲ့ပါတယ်။
2016-11-10
ကိုမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်းစစ် ဌာနချုပ်က ဖမ်းဆီးခဲ့သည်ဟု RFA သတင်းဌာနက နိုဝင်ဘာ (၃)ရက်နေ့ က ဖော်ပြခဲ့ပါသည်။ တကယ်ဖမ်းဆီးခဲ့သည်မှာ မြန်မာနိုင်ငံ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှ ဖြစ်သည်ဟု သိရပါသည်။ သို့ဖြစ်၍ RFA မှ ရန်ကုန်တိုင်းစစ်ဌာနချုပ်အပေါ် သတင်းလွဲ မှားစွာဖော်ပြခဲ့မိသည့်အတွက် ပြန်လည်ဖြေရှင်း တောင်းပန်အပ်ပါသည်။
2016-11-10
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ Daily Eleven သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဒီကနေ့ မနက် ၁၀ နာရီမှာ တာမွေရဲစခန်း ကိုလာရောက်ဖို့ ရဲတပ်ဖွဲ့က ဆင့်ခေါ်ထားပေမဲ့ ရောက်မလာဘဲ Eleven Media Group ရဲ့ အထွေထွေမန်နေဂျာ ဦးထိန်လင်းသာ မနက်ပိုင်း က ရောက်လာခဲ့ပါတယ်။
2016-11-10
မွန်တိုင်းရင်းသားပါတီတွေ ပေါင်း စည်းနိုင်ရေးနဲ့ ပတ်သက်ပြီး မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ AMDP ရဲ့ သဘော ထား အဆိုပြုချက်ကို AMDP ပါတီက မွန်အမျိုးသားပါတီနဲ့ အမျိုးသမီးပါတီ (မွန်)တို့ထံ အခုလ ၈ ရက်နေ့က ပေးပို့လိုက် ပါတယ်။