သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမတ်လောင်း သုံးယောက်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒီနေ့မနက်မှာ ဖမ်းဆီးသွားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2020-10-14
နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရှိန်တက်နေပြီး အတည်ပြုလူနာ သေဆုံးမှုက နေ့စဉ်သိသိ သာသာ တိုးလာနေတာကြောင့် မကြာခင် ရောက်လာတော့မယ့် ရွေးကောက်ပွဲနေ့မှာ မဲထွက်ပေးမယ့်သူ နည်းနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
2020-10-13
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အောင်သာစည်တောင်တန်း တဝိုက် မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ ဒီနေ့မနက်ကစပြီး တကျော့ပြန်တိုက်ပွဲ ပြင်းထန်နေလို့ ဒေသခံ တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပါတယ်။
2020-10-13
ရခိုင်ပြည်နယ်မှာ တပ်မတော်က ကျေးရွာတွေကို မီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်နေတာကို အရေးယူပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တောင်းဆိုလိုက်ပါတယ်။
2020-10-13
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIM) အတွက် ဘဏ္ဍာငွေ များစွာသုံးခွင့်ပြုမယ့်အစား ကပ်ရောဂါကနေ နလံထူ နိုင်အောင် အဖွဲ့ဝင်နိုင်ငံတွေကို ကူညီရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက် သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးရဲ့ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်က ပြောပါတယ်။
2020-10-13
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပေမယ့် လက်ရှိ NLD အစိုးရလက်ထက်မှာ နိုင်ငံတကာဆက်ဆံရေး ကောင်းမလာဘဲ၊ ICJ မှာ တရားစွဲခံရတဲ့ အခြေအနေအထိ ရောက်ခဲ့တယ်လို့ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဝေဖန်လိုက်ပါတယ်။
2020-10-12
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တပ်မတော်စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ ဦးအေးကျော်အမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရဖို့ မိသားစုက တောင်းဆိုလိုက် ပါတယ်။
2020-10-12
ရန်ကုန်တိုင်းထဲက ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း (CMP) စက်ရုံ အလုပ်ရုံတွေနဲ့ အသေးစား အလတ်စား စက်ရုံတွေအနေနဲ့ ကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကာကွယ်ရေး စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ထားတဲ့ (A) အဆင့်ရရှိရင် ဒီကနေ့ (အောက်တိုဘာ ၁၂ ရက်) က စပြီး တိုင်းအစိုးရစစ်ဆေးခွင့်ပြုချက်နဲ့ ပြန်ဖွင့်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပါတယ်။
2020-10-12
USDP အာဏာရခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်း မွန်ခဲ့ပေမယ့် NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခံရတဲ့ အခြေအနေအထိ ဖြစ်လာတယ်လို့ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ဒီနေ့ သူရဲ့ မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။
2020-10-12
ရခိုင်ပြည်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရွေးကောက်ပွဲမှာ မဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆွယ်ကာလ တရားမဲ့ပြုကျင့်မှုတွေကို ဖော်ထုတ်အရေးယူပေးရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မိတ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။
2020-10-12
လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) နဲ့ ဆင်တူယိုးမှား အမှတ်တံဆိပ်နဲ့ သတင်းအမှားတွေ၊ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ Radio Free Myanmar (RFM) ဆိုတဲ့ စာမျက်နှာဟာ ရွေးကောက်ပွဲကာလ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေဖို့ အဖွဲ့အစည်းနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းအတွက် အရေးယူသင့်တယ်လို့ တိုက်တွန်းနေကြပါတယ်။
2020-10-12
ဟင်္သာတမြို့နယ်၊ တာဂွကျေးရွာလမ်းဆုံမှာ NLD ပါတီဝင်တွေနဲ့ USDP ပါတီဝင်တွေကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့က ပဋိပက္ခဖြစ်ခဲ့ပြီး လက်ရှိမှာ NLD ပါတီဝင် ၁၅ဦး ဒဏ်ရာရခဲ့တယ်ဆိုပြီး အမှုဖွင့်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေက RFA ကို အတည်ပြုပါတယ်။
2020-10-12
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဂုပ္ပီထောင့်နဲ့ အမ်းမြို့နယ် ဒလက်အနောက် ရွာက အရပ်သား သုံးဦးဟာ အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက လက်နက်ကြီးအစထိမှန်ပြီး ထိခိုက်ဒဏ်ရာရသွားကြတယ်လို့ ကာယကံရှင်တွေနဲ့ ကျေးရွာလူကြီးတွေကပြောပါတယ်။
2020-10-11
ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများနေချိန်မှာ ဆေးရုံဆေးခန်းသွားဖို့ ခက်ခဲတာတွေ၊ မသွားချင်တဲ့ အခြေအနေတွေကြောင့် နာတာရှည် ဝေဒနာရှင်နဲ့ သက်ကြီးရွယ်အို သေဆုံးမှုနှုန်း ယခင်ထက် အနည်းငယ် မြင့်တက်လာနေပါတယ်။
2020-10-10
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အစိုးရနဲ့ အာဏာရပါတီရဲ့ လက်အောက် ခံလိုဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်ဘူးလို့ ဝေဖန်မူတွေ ရှိတဲ့အပေါ် အစိုးရအနေနဲ့ ကော်မရှင်ကို အမိန့်ပေးခိုင်းစေတာ၊ ညွှန်ကြားတာမျိုးတွေ ရှိပါသလားလို့ ဒီနေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ RFA သတင်းဌာနက မေးမြန်းခဲ့ပါတယ်။