သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-22
ရက္ခိုင့်တပ်တော် AA ဟာ Arakan Dream-2020 “ရခိုင်အိပ်မက်-၂၀၂၀” စီမံကိန်းကို အကောင် အထည်ဖေါ်ဖို့အတွက်၊ တိုက်ပွဲတွေမှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ တပ်မတော်က စွပ်စွဲလိုက်ပါတယ်။
2020-03-22
မနေ့ညက သင်္ဃန်းကျွန်းမြို့နယ်မှာ ဒေသခံတချို့ရဲ့ တိုင်ကြားချက်အရ သွားရောက် စစ်ဆေးရာမှာ အိမ်ငှားရမ်းနေထိုင်ခွင့် မယူဘဲ နေထိုင်တဲ့ တရုတ်နိုင်ငံသား ၉၀ လောက်ရှိနေတာ တွေ့ရှိရပါတယ်။
2020-03-22
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ထိုင်းနိုင်ငံဘက်က မနက်ဖြန်ကစပြီး လူအဝင်ထွက်တွေကို ယာယီပိတ်လိုက်မယ်လို့ ထုတ်ပြန်ထားပါတယ်။
2020-03-22
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ ရွာပေါင်း ၂၀ ကျော်က ဒေသခံ လေးထောင်ကျော် ကျောက်တော်မြို့ပေါ်မှာ ခိုလှုံနေရပါတယ်။
2020-03-21
ဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ မဲပေးခွင့်ရမယ့် အစီအစဉ်ကြောင့် ဒေသခံပါတီတွေ နစ်နာနိုင်တယ်ဆိုပြီး တိုင်းရင်းသားပါတီတချို့နဲ့ ကချင်ပြည်နယ် ပြည်သူအများအပြားက ကန့်ကွက်ကြပါတယ်။
2020-03-21
ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလှုပ်ရှားမှုနဲ့ ဆေးဖျန်းတာတွေကို ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်ဈေးမှာ ဒီနေ့ဆောင်ရွက်ခဲ့ပါတယ်။
2020-03-21
ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့တွေကို လူသားချင်းစာနမှုလုပ်ငန်းတွေ ဆောင်ရွက် နိုင်ဖို့ တိုးမြှင့်ခွင့်ပြုပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန် ထားပါတယ်။
2020-03-20
လူ သိန်းနဲ့ချီနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမယ့်အရေး စိုးရိမ်နေကြတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
2020-03-20
ဒီနေ့ နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော်မှာ ကိုးရက်မြောက်နေ့အဖြစ် အာဏာရ NLD ပါတီက ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်တွေကို မဲခွဲဆုံးဖြတ်နေရာမှာ စစ်အစိုးရလက်ထက် ဆောင်ရွက်ချက်တွေကို နောက်ကြောင်းပြန် အရေးမယူစေရဆိုတဲ့ ပုဒ်မအပါအဝင် လက်ရှိနိုင်ငံတော် အလံကို ပြင်ဆင်တဲ့ ပုဒ်မတွေကို မဲခွဲခဲ့ပါတယ်။
2020-03-20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက တပ်မတော် ရေယာဉ်ပေါ်ကနေပစ်လို့ အရပ်သား သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
2020-03-20
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံနဲ့ စက်ရုံပိုင်ယာဉ်တချို့ကို မီးရှို့ဖျက်ဆီးမှုနဲ့ တရားစွဲခံထားရတဲ့ ရွာသား ငါးဦးကို ထောင်ဒဏ် ငါးနှစ်စီ တရားရုံးက အမိန့်ချလိုက်ပါတယ်။
2020-03-20
လွန်ခဲ့တဲ့ ငါးလက ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ အမည်မသိ လူ နှစ်ဦးက အက်ဆစ်ပက် အတိုက်အခိုက်ခံရမှုအတွက် အတိုက်ခံခဲ့ရတဲ့ အမျိုးသမီးက ပန်းတနော်ရဲစခန်းမှာ မနေ့က အမှုဖွင့်ခွင့်ရသွားပြီလို့ သိရပါတယ်။
2020-03-20
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေချိန်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်သူ့ဆေးရုံတွေမှာ ရောဂါကာကွယ်ရေး ပစ္စည်းတွေနဲ့ အသက်ရှူစက်တွေ လိုအပ်နေတယ်ဆိုပြီး အလှူခံနေကြပါတယ်။
2020-03-19
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေမှာ စာမေးပွဲရက် ရွှေ့ဆိုင်းတာနဲ့ အစားထိုးဖြေဆိုခွင့်တွေ ပြုလိုက်ပါတယ်။
2020-03-19
နိုင်ငံတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ကွပ်ကဲမှု အောက်မှာပဲရှိရမယ်လို့ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံပါပုဒ်မကို ပယ်ဖျက်ဖို့ NLD ဘက်က တင်ပြထားတဲ့ ပြင်ဆင်ချက်ကို ဒီနေ့ လွှတ်တော်မှာ မဲခွဲရာမှာ တပ်မတော်က ထောက်ခံမှုမရှိတဲ့အတွက် ရှုံးနိမ့်သွား ပါတယ်။