သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-28
ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ် ကျောင်းသား ကိုအောင်ဘုန်းကျော်ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ဒီဇင်ဘာ ၂၇ ရက် မနေ့က စစ် ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသား များသမဂ္ဂက ထုတ်ပြန်ပါတယ်။
2021-12-28
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေတာကို အထူးပဲ စိုးရိမ် ပူပန်ရပြီး မြန်မာစစ်တပ်နဲ့ အတိုက်အခံတွေအကြား နှစ်သစ်မှာ အပစ်အခတ် ရပ်စဲကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ် နိုလင်းဟေဇာက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2021-12-27
ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ပင်လယ်ပြင်မှာ ရောက်နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လူသားချင်းစာနာမှုအကူညီပေးရေး အဖွဲ့တွေက တနင်္လာနေ့ကပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
2021-12-27
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး အစုအပြုံလိုက် သတ်ဖြတ်မီးရှို့ခံရသူ တွေထဲက ရုပ်အလောင်း ၂၇ ခုကို အတည်ပြုနိုင်ပြီး Save the children အဖွဲ့ ဝန်ထမ်းနှစ်ဦး အပါအဝင် နောက်ထပ် ၁၄ ယောက် ပျောက်ဆုံးနေတယ် လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ပြောလိုက်ပါတယ်။
2021-12-27
မော်ဒယ်နဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) အရ စစ်ကောင်စီ တရားရုံးရဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်တာခံလိုက်ရ ပါတယ်။
2021-12-27
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ - က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အမိန့်ချ ခံလိုက်ရပါတယ်။
2021-12-27
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက လေးကေ့ကော်မြို့နယ်တဝိုက်ကို ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်က စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2021-12-27
ကချင်ပြည်နယ် ရွှေကူမြို့ ဟင့်အွန်ရွာမှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ကျောင်းဆရာ ဦးဇော်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်သတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-27
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ခင်ပင်ရွာနဲ့ ရွာငယ်ရွာတို့ကို စစ်ကောင်စီတပ်သားတွေ က ဝင်ရောက်စီးနင်းထားပြီး ခင်ပင်ရွာထဲက နေအိမ်တချို့ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-27
ကယားပြည်နယ်ထဲမှာ လူ ၃၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2021-12-27
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ တရားရုံးချိန်းမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က အွန်လိုင်းဗီဒီယိုစနစ်နဲ့ သက်သေထွက်ဆို ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုတွေထဲက အမှုနှစ်ခုကို ဒီနေ့ နေပြည်တော်က တရားရုံးမှာ အမိန့်မချဖြစ်ဘဲ ဇန်နဝါရီလ ၁၀ ရက်ကို ဒုတိယအကြိမ်မြောက် ထပ်မံ ရွှေ့ဆိုင်းလိုက်ပါတယ်။
2021-12-26
ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်တွေရဲ့ မီးရှို့တိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး အပြစ်တင်ရှုတ်ချတယ်လို့ နိုင်ငံတကာ လူသားချင်း စာနာမှု ကူညီရေး အဖွဲ့တစ်ခုဖြစ်တဲ့ CARE International အဖွဲ့က မနေ့ကပဲ ကြေညာချက်ထုတ် ပြန်ခဲ့ပါတယ်။
2021-12-26
ဒီဇင်ဘာလ ၂၂ ရက်နေ့ ကနေ ၂၄ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ သထုံခရိုင်ထဲမှာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က မနေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။
2021-12-26
ကရင်ပြည်နယ်အတွင်း အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်ဒေသအတွင်း မြန်မာဘက်က ဝင်ရောက်လာတဲ့သူပေါင်း ငါးထောင်ကျော်ရှိနေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။