သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-18
ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ အုပ်ချုပ်ရေးအောက်မှာ ပါဝင်နေကြသူ အားလုံး ခုနစ်ရက်အတွင်း အမြန်ဆုံး ထွက်ခွာသွားကြဖို့ KNU က သတိပေးချက် ထုတ်ပြန်ပါတယ်။
2023-11-17
မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပြတာ၊ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကို ပြန်လွှတ်ပြီး အပေးအယူလုပ်တာ၊ ဆွေးနွေးတာတွေမျိုး ရှိလာနိုင်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
2023-11-17
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အမှုကို ခြောက်နိုင်ငံက ပူးပေါင်းပါဝင်တယ်လို့ ICJ က သတင်းထုတ်ပြန်ပါတယ်။
2023-11-17
တိုက်ပွဲတွေမှာ ဖမ်းဆီးရမိထားသူတွေကို လူသားဆန်စွာ ဆက်ဆံဖို့နဲ့ လက်စားချေတာ မလုပ်ဖို့ လက်နက်ကိုင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းလိုက်ပါတယ်။
2023-11-17
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် ဒုံးညိုနယ်ခြားစောင့်ရဲစခန်းကို AA က နိုဝင်ဘာ ၁၇ ရက်မှာ သိမ်းပိုက်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
2023-11-17
မြောက်ပိုင်း ညီနောင်သုံးဖွဲ့ အနေနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မော်ထိုက်ရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2023-11-17
လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ခရိုင်တရားရုံးဝင်းထဲက စစ်ကောင်စီတပ်သားတွေကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့ပြီးနောက် ရုံးဝင်းအတွင်း မီးလောင်နေပါတယ်။
2023-11-17
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားသုံးဦးကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-17
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတွေ တိုးမြှင့်ချထားတာကြောင့် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ပြောပါတယ်။
2023-11-17
မုံးကိုးမြို့နယ် ရပ်ကွက် ၆ အတွင်းမှာ လက်နက်ကြီးကျည် ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ ကလေးသုံးဦး သေဆုံးသွားပါတယ်။
2023-11-16
ဘဏ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေဟာ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ဗဟိုဘဏ်က စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။
2023-11-16
နယ်မြေတည်ငြိမ်မှုမရှိတဲ့ ဒေသတချို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနေတာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံလိုက်ပါတယ်။
2023-11-16
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို တောင်ဒဂုံမြို့နယ်တရားရုံးကနေ နိုဝင်ဘာလ ၁၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
2023-11-16
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၁၀ သန်းခွဲ (အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါး) ထပ်မံထောက်ပံ့သွားမယ်လို့ ဥရောပသမဂ္ဂ (EU) က နိုဝင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-11-16
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းရိုးတန်းကို နိုဝင်ဘာ ၁၆ ရက်နေ့က ရိုဟင်ဂျာ ၂ဝဝ ဝန်းကျင် ရောက်ရှိခဲ့ပြီး ဒီသုံးရက်အတွင်း စုစုပေါင်း ရိုဟင်ဂျာ ၆ဝဝ ခန့် ရောက်ရှိလာတယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲက ဒီနေ့ ပြောပါတယ်။