သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-03
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အနေနဲ့ စစ်ဆန့်ကျင် ရေး လှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရှိန်မြှင့်ပြီး ဆက်လုပ်သွားမယ် လို့ ဗကသအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒုတိယဥက္ကဋ္ဌ (၁) ကိုအောင်ပြည့် စုံဖြိုး က RFA ကိုပြောပါတယ်။
2020-10-03
ချင်းပြည်နယ် ပလက်ဝမြို့မှာ ဆန်ရိက္ခာ လုံးဝပြတ်လပ်သွားတာမို့ အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်တွေကို တစ်ပတ်အတွင်းရောက်အောင် ပို့ပေးနိုင်ဖို့ စီစဉ်နေတယ် လို့ ချင်းစစ်ဘေးရှောင် အရေးပေါ် ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောပါတယ်။
2020-10-02
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုအမှုဟာ လက်ရှိတည်ဆဲ ဥပဒေနဲ့ မညီတာကြောင့် စုံစမ်းစစ်ဆေးဖို့ တိုင်ကြားချက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပယ်ချလိုက်ပါတယ်။
2020-10-02
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တရှိန်ထိုး တိုးတက်လာတဲ့အတွက် ရှမ်းပြည်နယ် အစိုးရက ပြည်နယ်အတွင်း ကန့်သတ်မှုတွေ ပြုလုပ်ရာမှာ ကုန်တင်ယာဉ် ဝင်ထွက်ခွင့်နဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကျပ်မှုတွေလည်း ပါဝင်ပါတယ်။
2020-10-02
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ မနေ့ကအထိ စစ်ဘေးသင့်ဒုက္ခသည် ဦးရေ ၂၂၆၀၀၀ ကျော်အထိရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီတွေ ပေးနေတဲ့ ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး REC က မနေ့ကထုတ်ပြန် ပါတယ်။
2020-10-02
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် ကို ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီနေ့ အမှုလက်ခံလိုက်ပါတယ်။
2020-10-01
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို့နဲ့ မြန်နှုန်းမြင့် အင်တာနက်လိုင်းရရှိဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် သုံးယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။
2020-10-01
လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လူမျိုးနဲ့ ကိုးကွယ်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး mVoter 2020 မိုဘိုင်း အက်ပလီကေးရှင်းမှာ ဖော်ပြထားတဲ့ အချက်အလက်အားလုံးကို ချက်ချင်း ပယ်ဖျက်ပေးဖို့ Justice For Myanmarအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2020-10-01
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်လမ်းဟောင်းမှာ တပ်မတော်သားတချို့ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားပြီး စစ်ဆေး တဲ့အခါ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ဆက်စပ်တယ်လို့ တပ်မတော်က စွပ်စွဲလိုက်ပါတယ်။ KNU ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
2020-10-01
ရခိုင်မြောက်ပိုင်းမှာ ကပ်ဘေးကာလအတွင်း အစိုးရ ထောက်ပံ့ငွေကို အပြည့်အဝမရကြဘူးလို့ မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။
2020-09-30
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ အင်းဒင်နဲ့ ဂူတာပြင်ကျေးရွာက မွတ်စလင်တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ထောင်ချခံခဲ့ရတဲ့ တရားခံ တပ်မတော်သားတွေကို တစ်နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စလို နောင်မှာ ဖြစ်ပွား တော့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း စက်တင်ဘာ၂၉ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။
2020-09-30
၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်လောင်း အရေအတွက် ဒုတိယအများဆုံးရှိတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထိန်းသိမ်းလိုက်ပြီလို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့ ပြောပါတယ်။
2020-09-30
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၂၂၄ နဲ့ မနေ့ညက အမှုဖွင့် ဖမ်းဆီးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။
2020-09-30
၈၈ မျိုးဆက် ကျောင်းသားတွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီက နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းလည်း ဆင်ဆာဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
2020-09-30
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ သစ်တောနယ်မြေမှာ နေထိုင်သူတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အိမ်တွေဖယ်ရှားပေးဖို့ သစ်တောဌာနက အမိန့်စာပို့ အကြောင်းကြားထားပါတယ်။