သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-03
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ကောင်နင်ကျေးရွာအနီးမှာ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့ နဲ့ တပ်မတော် တပ်မ ၁၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
2018-11-03
လွတ်လပ်တဲ့အာရှအသံ RFA က မကွေးသတင်းထောက် ဦးမြင့်ဇော်ဦး (သတင်းထောက်အမည် - ဇော်တူး) ကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရဲစခန်းက မြို့နယ်မှူး ရဲမှူး သိန်းဟန်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှုဖွင့်လိုက်ပါတယ်။
2018-11-03
အောင်ရဲထွေးအမှု ရုပ်သိမ်းပေးဖို့အတွက် သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ လူသတ်တရားခံလို့ စွပ်စွဲခံရသူရဲ့ မိဘတွေထံကနေ နစ်နာကြေး ကျပ်သိန်း ၁၅၀၀ ကိုရယူခဲ့တယ်လို့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရန်ကုန်တိုင်း တရားလွှတ်တော်မှာ မနေ့က ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
2018-11-02
မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒပစ္စည်းတွေ ထုတ်လုပ်အသုံးပြုမှုကို မဟာဗျူဟာချမှတ်ပြီး တိုက်ဖျက်ရေးအတွက် အာရှ-ပစိဖိတ်ဒေသ ညီလာခံတစ်ခုကို ဒီလ ၇ နေ့ကစပြီး နေပြည်တော်မှာ ကျင်းပမယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုတိုက်ဖျက်ရေးအဖွဲ့ UNODC က မနေ့က ကြေညာလိုက်ပါတယ်။
2018-11-02
ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်ကို ခဏရပ်ဆိုင်းထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-11-02
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မနက်ဖြန်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တပ်မတော်ကပါ လုံခြုံရေးဆောင်ရွက်မှာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် ရွေးကောက်ပွဲကော် မရှင် ဥက္ကဋ္ဌ ဦးဖြူထွန်းသာက ပြောပါတယ်။
2018-11-02
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာလုပ်သား ၃၀၀ ကျော် ဖမ်းဆီးခံထားရတဲ့ကိစ္စအပေါ် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က RFA ကို ပြောပါတယ်။
2018-11-02
ရှမ်းပြည်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ( JMC ) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် NCA ပါ အချက်တွေကို လိုက်နာဆောင်ရွက်တာ မရှိတဲ့အတွက် နောင်ကျင်းပမယ့် JMC အစည်းအဝေးအဆင့်ဆင့်ကို ပါဝင်တက်ရောက်ဖို့ သုံးသပ်ရမှာဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ကြေညာချက် ထုတ်ပြန်ပါတယ်။
2018-11-02
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပန်တိန်းတောင်၊ မန်မိုင် ရေပူရွာနဲ့ မန်ဟုန်းကျေးရွာတွေမှာ RCSS နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ သိရပါတယ်။
2018-11-02
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ပို့ဖို့အတွက် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်နေတာဟာ အချိန်မတန်သေးတဲ့လုပ်ရပ်ဖြစ်တယ်လို့ Free Rohingya Coalition (FRC) ရိုဟင်ဂျာလွတ်မြောက်ရေး ညွှန့်ပေါင်းအဖွဲ့က ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ကာ ရှုတ်ချလိုက်ပါတယ်။
2018-11-02
ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းအတွက် မြန်မာအစိုးရနဲ့ တရုတ်ပြည်ရဲ့ နိုင်ငံပိုင် CITIC လုပ်ငန်းအုပ်စုတို့ လာမယ့်သီတင်းပတ်အတွင်း လက်မှတ်ရေးထိုး ကြဖွယ်ရှိတယ်လို့ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်း သတင်းကဖေါ်ပြပါတယ်။
2018-11-02
မြန်မာနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့မယ့် အစီအစဉ် စတင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆုံးဖြတ်လိုက်တာကို အိန္ဒိယနိုင်ငံက မနေ့က ကြိုဆိုလိုက်ပါတယ်။
2018-11-01
ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့လူတွေ ပြန်လာနိုင်ဖို့အတွက် နိုင်ငံသားဖြစ်ခွင့်ကိစ္စ၊ လုံခြုံရေး၊ လွတ်လပ်စွာသွားလာခွင့်နဲ့ စားဝတ်နေရေး စတဲ့အချက်တွေကို အဓိကထည့်သွင်းစဉ်းစားဖို့ UK Aid မြန်မာရဲ့အကြီးအကဲက ပြောလိုက်ပါတယ်။
2018-11-01
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်မှာကို စိုးရိမ်မှုတွေရှိပေမယ့် ခိုင်လုံတဲ့ အထောက်အထားနဲ့ အတည်ပြုနိုင်ချက်တွေ မတွေ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
2018-11-01
တရုတ်မြန်မာနယ်စပ် နန့်ဆန်ယန်ကျေးရွာအနီးမှာ ကချင်ခရစ်ယာန်အဖွဲ့ချုပ်က ဓမ္မဆရာမတစ်ဦး အပါအဝင် ကချင်တိုင်းရင်းသား ၁၅ ဦးကို အစိုးရတပ်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၁၂ ဦးကို ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောပါတယ်။