သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-24
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တာမွေဟစ်တိုင်မှာ ဒီနေ့ ဆန္ဒပြဖို့စီစဉ်ထားတဲ့ ဦးမိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တာမွေမြို့နယ်ရဲစခန်းက မနေ့က ဖမ်းဆီးလိုက်ပြီး ဒီနေ့ တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2017-10-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
2017-10-23
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ(နတလ)ကျေးရွာက တောထဲ မှာ တောဝက်သွားရှာတဲ့ ဒိုင်းနက်တိုင်းရင်းသား လေးဦးကို မနေ့ညနေက လက်နက်ကိုင်ဆောင် ထားတဲ့ အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ တာကြောင့် နှစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
2017-10-23
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ညောင်နီကျေးရွာက မြေယာ ၁၈ ဧကမှာရှိတဲ့ နေအိမ်တချို့နဲ့ စိုက်ခင်းတွေကို သစ်တောပိုင်မြေဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းအစိုးရက ဖယ်ရှားခဲ့တဲ့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တရားစွဲဆို သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-10-23
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ပတ်သက်ပြီး မြန်မာနဲ့တရုတ်အစိုးရကြား အကျိုးအမြတ် ပြောင်းလဲသတ်မှတ်ဖို့ ဆွေးနွေးနေပြီး အမြန်ဆုံးအတည်ပြုနိုင်ဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောပါတယ်။
2017-10-23
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံဖို့အတွက် မနေ့ကအထိ အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် ရရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား ပါတယ်။
2017-10-23
တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို ပြင်ဆင်လိုတယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးပြီးနောက် တိုင်ပင်ညှိနှိုင်းလို့ရကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် က ပြောပါတယ်။
2017-10-22
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုနဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပါဝင်တဲ့ စုံခုံဖွဲ့စည်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
2017-10-22
ဦးဖြိုးကိုကိုတင့်ဆန်းအမှုမှာ ဖမ်းဆီးရမိထားတဲ့ ကျည်အမျိုးအစားဟာ ငါးလောင်းပြိုင်လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ ကျည်အမျိုးအစားနဲ့ ဆင်တူတယ်ဆိုပြီး လူမှုကွန်ယက် ဖေ့ဘွတ်မှာ ရေးသားခဲ့တဲ့ ပန်းတောင်းမြို့နယ်က ရဲအုပ် ဝင်းထွန်းနိုင် ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင် က ပြောပါတယ်။
2017-10-22
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် စိစစ်ဖို့နဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စီစစ်ပေးဖို့ကို စစ်တွေမြို့မှာ လူပေါင်း ၅၀၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2017-10-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ဒေသအရေး ဆောင်ရွက်ချက်တွေ နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို အားပေးတဲ့ လူထုထောက်ခံပွဲကို နေပြည်တော်၊ ရာဇဌာနီလမ်းမှာရှိတဲ့ ဥပ္ပါတသန္တိစေတီတော် ဘုရားပွဲကွင်းမှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2017-10-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ် ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှာ လုပ်ငန်းရှင်တွေ ဦးစီးဆောင်ရွက်မယ့် လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်းဖို့ မနေ့က UMFCCI မှာကျင်းပတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။
2017-10-22
ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်က မြန်မာအလုပ်သမား ၁ ထောင်လောက် အလုပ်လုပ်နေတဲ့ လို့စ်တက်စ်ဆိုဖာစက်ရုံဟာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
2017-10-22
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ်မှာ မြေကျွံမှုဖြစ်ပွားခဲ့ တာကြောင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံပညာရှင်တွေ ဒီကနေ့ သွားရောက်စစ်ဆေးပြီး အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံးရွှေ့ပြောင်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
2017-10-21
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ကွာလာလမ်ပူ စီးတီးစင်တာ KLCC မှာ မနေ့က ရန်ပြုခံခဲ့ရတဲ့ သံဃာ ၂ ပါးနဲ့ မေတ္တာနန္ဒပရဟိတအဖွဲ့ ဒုဥက္ကဌတို့က ကွာလာလမ်ပူမြို့ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။