သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-29
မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိတွေနဲ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-09-29
အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောနေတဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ကို အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန်အိတ်တထောင် ထောက်ပံ့တယ်လို့ ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့က ပြောဆိုပါတယ်။
2011-09-29
မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့က နေ့လည်ပိုင်းက ဝါရှင်တန်မြို့တော် မြန်မာသံရုံးက ထိပ်ပိုင်း အရာရှိ တချို့နဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ကို သွားရောက်ပြီး ပုဂ္ဂိုလ်တချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဘယ်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။
2011-09-28
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ အကောင်အထည် ဖေါ်မယ့် ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံပိုင် NHPC ကုမ္ပဏီကြီးက ရှေ့လထဲမှာ သူတို့ အစိုးရထံ အသေးစိတ် အစီရင်ခံစာ တစောင် တင်သွင်းမှာ ဖြစ်ကြောင်း NHPC ရဲ့ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားလိုက်ပါတယ်။
2011-09-28
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ကတိပေးလိုက်တာကို ကြိုဆိုပေမယ့် မြန်မာနိုင်ငံမှာ အခုချိန်ထိ စစ်မှန်တဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက်ပါတယ်။
2011-09-28
မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ (လွတ်မြောက်နယ်မြေ) တည်ထောင်ခြင်း ၃ နှစ်မြောက်နေ့ အခမ်းအနားကို ထိုင်းမြန်မာ နယ်စပ် တနေရာမှာ ဒီကနေ့ ကျင်းပခဲ့ပြီး မြန်မာ့ နိုင်ငံရေးမှာ မွန်တိုင်းရင်းသားတွေ ပါဝင်ခွင့်ရရေး အတွက် ဆက်လက် ကြိုးစား လုပ်ဆောင် သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါတယ်။
2011-09-28
မြန်မာနိုင်ငံက တောင်သူ လယ်သမားတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ရရေးနဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုခဲ့ပြီး၊ အခုတခါ အမျိုးသား လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ သုံးသပ် ဆွေးနွေးနေကြပါတယ်။
2011-09-27
သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ အနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် မကြာခင်မှာ ထုတ်ပြန်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားသွားပါတယ်။
2011-09-27
မြန်မာနဲ့ အိန္ဒိယတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး မှာ အမေရိကန် ဒေါ်လာ ၃ ဘီလျံဖိုး အထိ နှစ်ဆတိုးအောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ မနေ့က သဘောတူညီခဲ့ကြ ပါတယ်။
2011-09-27
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ အစည်းအဝေးကို မနေ့က နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းပြောပါတယ်။
2011-09-27
အောက်တိုဘာလ (၅) ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ ထိုင်းဝန်ကြီးချုပ် မစ္စယင်းလတ်ဟာ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
2011-09-27
ဒီမိုကရေစီ ရရရှိရေးအတွက် ဆုပ်ကိုင်ထားတဲ့ မူတွေအပေါ်မှာ ရပ်တည်ပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2011-09-27
နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က ဒီနေ့မှာလည်း ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က တနင်္လာနံထောင့်မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2011-09-27
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ရပ်စဲနိုင်ရေးအတွက် ကုလသမဂ္ဂ အနေနဲ့ ပါဝင်ဖြေရှင်းပေးဖို့ တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ထံ KIO အဖွဲ့ က ပေးပို့တဲ့ စာမှာ ဖော်ပြထား ပါတယ်။
2011-09-26
မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးနိုင်ရေး အတွက် အမေရိကန် အစိုးရ အနေနဲ့ ဦးဆောင်ဖို့အမေရိကန် နိုင်ငံသား တစ်သောင်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။